မြန်မာ့လူနေထိုင်မှု အခြေအနေ ယခုနှစ်နှစ်အတွင်း ပိုမိုတိုးတက်လာ


04 December, 2020

မြန်မာ့လူနေထိုင်မှု အခြေအနေသည် လွန်ခဲ့သည့် ၁ဝနှစ်အတွင်း တိုးတက်ခဲ့သော်လည်း ယခုနှစ်နှစ်အတွင်း ပိုမိုတိုးတက်လာကြောင်း ကမ္ဘာ့ဘဏ်၊ကုလသမဂ္ဂ နှင့် အစိုးရတို့ပူးတွဲထုတ်ပြန်သော

မြန်မာ့ နေထိုင်မှု အခြေအနေ စစ်တမ်း အစီရင်ခံစာ အရသိရသည်။

အဆိုပါ အစီရင်ခံစာကိုဗဟိုစာရင်း အင်းအဖွဲ့မှ ကမ္ဘာ့ဘဏ် နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)တို့ နှင့် ပူးပေါင်း၍ ပထမအကြိမ်ထုတ်ပြန်ခြင်းဖြစ်သည်။

UNDP အနေနှင့် မြန်မာနိုင်ငံအစိုးရအား ထိုစစ်တမ်းကောက်ယူမှုတွင် ကူညီပံ့ပိုးခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်မိသည်။

ယုံကြည်စိတ်ချရသော အချက်အလက်များသည် သက်သေ အထောက်အထားအခြေခံသည့် မူဝါဒချမှတ်မှု လုပ်ငန်းစဉ်များကို ဘယ်လို ပံ့ပိုးပေးနိုင်တယ်။

နိုင်ငံ အနှံ့အပြား တွင်ရှိသော ပြည်သူများ၏ အခြေအနေ အမှန်မာျးကို သိရှိနိုင်ရန် ဘယ်လိုအထောက်အကူဖြစ်သည်ဆိုတာ ထိုစစ်တမ်းမှ ပြသ လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏လူနေထိုင်မှု အဆင့်အတန်းသည် တိုးတက်လာသော်လည်း အချို့နေရာများသည် တိုးတက်မှု ရလဒ်နောက်ကျလျက်ရှိကာ ပညာရေး၊ရေ နှင့် သန့်ရှင်းမှု၊

အစိုးရဓာတ်အားလိုင်းချိတ်ဆက်မှုတို့သည် နောက်ကျကျန်နေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့နေထိုင်မှု အခြေအနေ စစ်တမ်း ၂ဝ၁၇ ကို ၂ဝ၁၆ခုနှစ် ဒီဇင်ဘာမှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာအထိ မြို့နယ် ၃၃ဝ အနက် ၂၉၆ မြို့နယ်တွင် စစ်တမ်းကောက်ယူခြင်းဖြစ်ပြီး

ပြည်ထောင်စုအဆင့်၊ ပြည်နယ်၊တိုင်းဒေသကြီး၊ မြို့ပြနှင့်ကျေးလက် အားလုံးကို လွှမ်းခြုံကိုယ်စားပြုထားခြင်း ဖြစ်ကာ လျှပ်စစ်မီးရရှိမှု၊အသုံးအဆောင်ပစ္စည်းများ ပိုင်ဆိုင်မှု၊

သန့်ရှင်းသော ရေရှိမှု၊ပညာရေးကဏ္ဍ၊လုပ်သားအင်အား ပါဝင်မှုနှုန်းနှင့် နည်းပညာအသုံးပြုမှုတို့ကို အစီရင်ခံထားခြင်းဖြစ်သည်။

Local Tips Read 70 times