ပုဂ္ဂလိကရောင်းချမည့် ဝန်ထမ်းအိမ်ရာ ပင်စင်စားဝယ်ယူရန် ငွေချေးမည်


02 November, 2020

 

ပုဂ္ဂိလကဆောက်လုပ်ရေးကုမ္ပဏီများမှတည်ဆောက်မည့်ဝန်ထမ်းအိမ်ရာဝယ်ယူမည့်ဝန်ထမ်းအိမ်ရာဝယ်ယူမည့် အငြိမ်းစားဝန်ထမ်းများကိုဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB) မှချေးငွေထုတ်ချေးပေးမည်ဟု ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်းဒါရိုက်တာကပြော ကြားသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကလာမည့်ဇူလိုင်လအတွင်းဆောက်လုပ်အကောင်အထည်ဖော်မည့် ဝန်ထမ်းအိမ်ရာဝယ်ယူချင်သည့်အစိုးရဝန်ထမ်းများကိုဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးဘဏ်မှ အရစ်ကျဘဏ်ချေးငွေစနစ်နှင့်ဝယ်ယူနိုင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။

အငြိမ်းစားဝန်ထမ်းများအနေဖြင့်ဝန်ထမ်းအိမ်ရာအရစ်ကျဝယ်ယူနိုင်ရန်အတွက်လိုက်နာရမည့်စည်းကမ်းချက် များရှိပါသည်။

ယင်းစည်းကမ်းချက်များသည်အငြိမ်းစားဝန်ထမ်းများအနေဖြင့်အရစ်ကျပေးသွင်းရမည့်အခန်းတန်ဖိုးကိုပေးချေနိုင်သည့်အခြေအနေရှိရပါမည်။

တိုက်ခန်းဝယ်ရန်အမွေစားအမွေခံမိသားစုဝင်များကလည်း အစိုးရဝန်ထမ်းဖြစ်ရန်လိုအပ်ပါသည်။

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကမန်နေဂျင်းဒါရိုက်တာ၏ပြောကြားချက်အရ အငြိမ်းစားဝန်ထမ်းများအတွက်ငွေပေးသွင်းမှုကိုပေးဆပ်နိုင်ရန်လုံလောက်သည့်ဝင်ငွေအနေအထား ရှိရမည်ဖြစ်သည်။

ထိုငွေကိုဝယ်ယူသည့်သူဘက်မှမပေးနိုင်သည့်အခါတခါတည်းပေးနိုင်သည့်အမွေစားအမွေခံမိသားစုဝင်တစ်ယောက်၏ လက်မှတ်လိုအပ်မည်ဖြစ်ပြီး ထိုသူမှဆက်ပေးချေရမည့်ကိစ္စများလုပ်ဆောင်ရမည်ဖြစ်ပြီးတစ်ခုမှာ မိသားစုဝင်များကပါ အစိုးရဝန်ထမ်းဖြစ်ရန်လိုအပ်မည်ဖြစ်ပြီး အခုပေးရမည့်အိမ်ရာများမှာဝန်ထမ်းအိမ်ရာ များဖြစ်ကြောင်းပြောကြားထားပါသည်။

အစိုးရဝန်ထမ်းအိမ်ရာများကိုပင်စင်ယူပြီးအစိုးရဝန်ထမ်းအပြင်လက်ရှိတာဝန်ထမ်းဆောင်နေဆဲအစိုးရဝန် ထမ်းများကိုပါ အခန်းဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

imyanmarhouse

Public Housing Local Read 64 times