သီလဝါအထူးစီးပွားရေးဇုန်တွင်ပြည်တွင်းဖြစ်ဓာတ်မြေသြဇာစက်ရုံတည်ဆောက်မည်


28 October, 2020

သီလဝါ အထူးစီးပွားရေးဇုန်တွင်ြ ပည်တွင်းဖြစ် ဓာတ်မြေသြဇာစက်ရုံကို လာမည့်ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။


ယင်းဓာတ်မြေသြဇာ စက်ရုံကို နိုင်ငံတကာအဆင့်မီ ဓာတ်မြေသြဇာစက်ရုံအဖြစ် သီလဝါ အထူးစီးပွားရေး ဇုန်အတွင်း တည်ဆောက်နေခြင် းဖြစ်ကြောင်းသိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်၍ ထွက်ရှိသောဓာတ်မြေသြဇာများကို ပြည်တွင်းတွင် စတင် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းတွင် ထုတ်လုပ်ခြင်းဖြစ်သောကြောင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည် ဖြစ်သည့်အတွက် များစွာအကျိုးရှိစေမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုဖြင့် ပြည်ပသွင်းကုန်အစားထိုး နိုင်မည့် ဓာတ်မြေသြဇာစက်ရုံလည်းဖြစ်သည်။
ယင်းစက်ရုံအတွက် ပြည်တွင်းမှ မြန်မာ့လယ်ယာ စီးပွားအများပိုင် ကော်ပိုရေးရှင်းလီမီတက် (MAPCO)၊ ဂျပန်နိုင်ငံမှ MITSUIကုမ္ပဏီနှင့် ပင်ရင်းဂျာမနီနိုင်ငံတို့ သာမက ဒေသတွင်းတွင် မလေးရှားနိုင်ငံ အခြေစိုက်သော BEHNMAYERကုမ္ပဏီတို့အကျိုးတူ ပူးပေါင်းဖွဲ့စည်းတည်တောင်ထားသည့် AgriFirstကုမ္ပဏီလီမီတက်မှ စက်ရုံတည်ဆောက်ခြင်း ဖြစ်ကာစက်ရုံတည်ဆောက်ရန် ပန္နက်တင်အုတ်မြစ် စီခဲ့ပြီးဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
Source:Myawaddy newspaper

Local Factory and Industrial Plant Read 67 times