ထိုLotus အဆောက်အဦများအား Yoma Development Group(YDG)မှတည်ဆောက်နေကြောင်းသိရသည်။
Pun Hlaing Golf Club,Hlaing Tharyar Township,Yangonတွင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
Lotus Hill,Lotus Place,Lotus Terrace ဟူ၍Lotus အမျိုးအစား(၃)မျိုးခွဲခြားထားကြောင်းသိရသည်။
Lotus Place
ယခုတည်ဆောက်နေသည့်မှာPhase 2ဖြစ်ပြီး၈လုံးအနက်၂လုံးရောင်းချပြီးကြောင်းသိရသည်။
သုံးထပ်အဆောက်အအုံဖြစ်ပြီးတစ်ခန်းလျှင်တစ်စတုရန်းပေ၄၅ဝဝစတုရန်းပေကျယ်ဝန်းကြောင်းသိရသည်။
ဓာတ်လှေကားမပါရှိပါ။ဝယ်ယူသူများအနေဖြင့်အိမ်ဝယ်ယူလျှင်မြေပါပိုင်ဆိုင်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
အခန်းတစ်ခန်း၏တန်ဖိုးမှာအမေရိကန်ဒေါ်လာရှစ်သိန်းသုံးသောင်းငါးထောင်မှ ရှစ်သိန်းခွဲခန့်သတ်မှတ်ထား ကြောင်းသိရသည်။
Lotus Hill
၂၀၁၉နှစ်ဆန်းပိုင်းခန့်တွင်ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
Phase 1တွင်အဆောက်အအုံ၁၉လုံးပါဝင်ပြီးတစ်လုံးတွင်သုံးထပ်အဆောက်အအုံဖြစ်ကြောင်းသိရသည်။
အခန်းတစ်ခန်း၏အကျယ်အဝန်းမှာစတုရန်းပေ၄၆ဝဝ မှ၄၇ဝဝထိကျယ်ဝန်းကြောင်းသိရသည်။
အခန်းတစ်ခန်း၏တန်ဖိုးမှာအမေရိကန်ဒေါ်လာခြောက်သိန်းနှစ်သောင်း မှ ရှစ်သိန်းသုံးသောင်းခန့်သတ်မှတ် ထားကြောင်းသိရသည်။
Lotus Terrace
ထို Terrace မှApartmentတစ်ခုဖြစ်ကြောင်းသိရသည်။
ယင်းအဆောက်အအုံကိုလည်း၂၀၁၉နှစ်ဆန်းပိုင်းခန့်တွင်ပြီးစီးရန်ရည်ရွယ်ထားကြောင်းသိရသည်။
တစ်လွှာတွင်နှစ်ခန်းပါဝင်ပြီးသုံးထပ်အဆောက်အအုံ သုံးလုံးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
အခန်းတစ်ခန်း၏အကျယ်အဝန်းမှာစတုရန်းပေ ၂၆၀၀ကျော် မှ၃၁၀၀စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်ကြောင်းသိရသည်။
ဓာတ်လှေကားပါဝင်ပြီးအခန်းတစ်ခန်းစီတိုင်းအတွက် ကားပါကင် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ထိုTerrace၏အခန်းတစ်ခန်းတန်ဖိုးမှာအမေရိကန်ဒေါ်လာလေးသိန်းခုနှစ်သောင်းမှခုနှစ်သိန်းခြောက်သောင်း ခန့်ထိသတ်မှတ်ထားကြောင်းသိရသည်။
Lotus အားလုံးသည်Golf ကွင်းဘေးတွင်တည်ရှိသည့်အတွက်လူကြီးများအတွက်ပါမက ကလေးများအတွက်ပါ ကလေးကစားကွင်း များပါရှိပြီးစားသောက်ဆိုင်များပါရှိကြောင်းသိရသည်။