Lotus Place စီမံကိန်းကို ရန်ကုန်မြို့၊ ပန်းလှိုုင်အိမ်ယာ လှိုင်သာယာမြို့နယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။
ထိုစီမံကိန်းကိမြေဧက ၆၅၂ ဧကကျယ်ဝန်းသော ပန်းလှိုင်အိမ်ယာဝန်းအတွင်းရှိ မြေဧရိယာ ၃ ဧကပေါ်တွင် တည်ဆောက်လျှက်ရှိမည် ဖြစ်သည်။
ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည် ဟုသိရသည်။
ယင်းစီမံကိန်းကို Yoma Strategic Holdings ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ပေးထားခြင်းဖြစ်သည်။
ယင်းစီမံကိန်းတွင် လုံးချင်းအိမ်ယာအလုံး ၃၀ ပါဝင်ဆောက်လုပ်မည်ဖြစ်ပြီး ၁၀ လုံးမှာဆောက်လုပ် ပြီးစီးနေပြီဟု သိရသည်။
ထိုစီမံကိန်းတွင် ကျန်သောအလုံး ၂၀ မှာ ၉၀ ရာခိုင်နှုန်းထိပြီးစီးနေပြီဖြစ်သည်။
ယင်းအိမ်ယာတစ်လုံးလျှင် နှစ်ထပ်ခွဲပါဝင်မည်ဖြစ်ပြီး IT fit out များပြုလုပ်ပေးထားမည်ဟု သိရသည်။
ယင်းအိမ်ယာတစ်လုံးချင်းစီတွင် အိပ်ခန်းသုံးခန်းပါဝင်မည်ဖြစ်ပြီး ခြံဝင်းထဲတွင် ကားထားရှိနိုင်မည့် နေရာပါဝင်မည်ဖြစ်သည်။
ယင်းအိမ်ယာများကို နှစ် ၆၀ မြေဂရန်ဖြင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။
ထိုပန်းလှိုင်အိမ်ယာဝင်းထဲတွင် ရေကူးကန်၊ အားကစားခန်းမ၊ ကလေးကစားကွင်းများ၊ မြက်ခင်းပြင်တင်းနစ်ကစားကွင်းများ၊ အလှပြင်ခန်းမ၊ စားသောက်ဆိုင်၊ နှင့် spa တို့ကို Country Club နေရာတွင် ဆောက်လုပ်ထားမည်ဖြစ်သည်။
ယင်းလုံးချင်းအိမ်များ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၄၅၀၀ ခန့်ကျယ်ဝန်းကြောင်းသိရသည်။
ထိုအိမ်ယာ Pricing မှာ အိမ်ယာတစ်လုံးလျှင်အမေရိကန်ဒေါ်လာရှစ်သိန်းသုံးသောင်းငါးထောင်မှ ရှစ်သိန်းငါးသောင်းထိ ကျသင့်နိုင်ကြောင်းသိရသည်။
ငွေပေးချေမှုမှာ ၂၀ ရာခိုင်နှုန်းကို အရင်ပေးချေရမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို ၆ လအရစ်ကျပေးချေရမည် ဖြစ်သည်။
This is an original writing of Myanmar Builders Guide based on information sourced from myawaddy newspaper, panhlaing estate, issu website, yoma strategic holdings office.