တန်ဖိုးနည်းအိမ်ရာများကို အမျိုးအစားသုံးမျိုးနှင့်တည်ဆောက်မည်


02 November, 2020

နိုင်ငံအဝန်းရှိပြည်သူများနှင့်ဝန်ထမ်းများနေရေးအဆင်ပြေစေရန်အတွက် Precast စနစ်နှင့်ဆောက်လုပ်မည့်

တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကိုတိုင်းဒေသကြီးနှင့်မြို့နယ်အလိုက်အကောင်အထည်ဖော်မှာ ဖြစ်ပြီး အိမ်ရာစီမံကိန်းကိုအမျိုးအစားသုံးမျိုးနှင့်ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။ 
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) မှအဖွဲ့ဝင်ဖြစ်သည့်Precast နည်းပညာစနစ်နှင့် ဆောင်ရွက်မည့် Myanmar Coll Wall Precast ကုမ္ပဏီလီမိတက်မှမန်နေးဂျင်းဒါရိုက်တာထိုPrecast စနစ်နဲ့ ဆောက်လုပ်ခြင်းမှာဆောက်လုပ်ကုန်ကျစရိတ်ကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်သက်သာစေပြီး အဆောက်အအုံကြံ့ခိုင်မှုမှာလည်းပိုပြီးတော့ကောင်းမွန်စေပါသည်။

Precast စနစ်နှင့်ဆောက်လုပ်မည့်တန်းဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကိုအမျိုးအစားသုံးမျိုးနှင့်ဆောက်လုပ်မည် ဖြစ်သည်။

ပထမအမျိုးအစားမှာဝန်ထမ်းနှင့်ပြည်သူများအတွက်ဝရန်တာအပါအဝင်မျက်နှာပွင့် ၁၂ ပေ၊ အနောက် ပေ ၂၀ ရှိဓါတ်လှေကားပါဝင်သည့်ဟိုတယ် Room Type ပုံစံအိမ်ခန်းများပါဝင်သည့်တန်ဖိုးသင့် ပြည်သူ့အိမ်ရာစီမံကိန်းကို မြို့လယ်ခေါင်တွင်ဆောင်ရွက်မည်ဖြစ်ပြီး ၁၅ နှစ် အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးမည်ဖြစ်ပါသည်။
ဒုတိယအမျိုးအစားမှာဝေးလံသည့်သီလဝါစက်မှုဇုန်၊ ဒလ၊ မှော်ဘီ နဲ့ ထောက်ကြန့်အပါအဝင်ကြည့်မြင်တိုင် တစ်ဖက်ကမ်းနှင့်အမြန်လမ်းနေရာများတွင်နိုင်ငံအငြိမ်းစားဝန်ထမ်းများနေရေးအဆင်ပြေစေရန်မြေနေရာပါဝင် သည့်နှစ်ထပ်တိုက်တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တတိယအမျိုးအစားမှာအကျယ်အဝန်းစတုရန်းပေ ၆၀၀ ရှိသည့်ငါးထပ်ဆောက်လုပ်မည့်အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းနှင့်မီးဖိုချောင်ပါဝင်သည့်တန်ဖိုးသင့်အိမ်ရာစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။အမျိုးအစားသုံးမျိုးစလုံးကိုဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ပြီးအရစ်ကျရောင်းချပေးမည် ဖြစ်ပါသည်။
လက်ရှိပုဂ္ဂလိကမြေဖြစ်သည့်ဝေဇယန္တာလမ်းနှင့်နီးသည့်တောင်ဥက္ကလာပမြို့နယ်ကအပအမှတ်(၈)၊ (၉)၊ (၁၀) ရပ်ကွက်များတွင်Precast စနစ်နှင့်ဆောက်လုပ်မည့်တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကို စတင်အကောင်အ ထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ အရှေ့ဒဂုံ မြို့နယ်များတွင် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါဝင်သည့်စတုရန်းပေ ၆၀၀ အကျယ်အဝန်းရှိမိသားစုများနေထိုင်နိုင်မည့် ပြည်သူ့အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ရန်စီစဉ်ထားပြီး နိုင်ငံတာဝန်ကျေပွန်ခဲ့သည့်နိုင်ငံ့တာဝန် ကျေပွန်ခဲ့သည့်နိုင်ငံဝန်ထမ်းများ၊ ပုံမှန်ဝင်ငွေရှိသည့်နိုင်ငံ့ဝန်ထမ်းများနှင့်ကိုယ်ပိုင်အလုပ်အကိုင် အကောင်အထည်ပြသနိုင်သည့်ပြည်သူများကို ဦးစားပေးရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

Precast စနစ်နှင့်ဆောက်လုပ်မည့်တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကိုမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ၏ဦးဆောင်မှုနှင့်ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့ကဆောင်ရွက်မည်ဖြစ်ပြီး Myanmar CollWall Precast Thailand နှင့်မြန်မာပြည်မိတ်ဖက်အဖွဲ့ကနည်းပညာပံ့ပိုးမည်ဖြစ်ကာနိုင်ငံတော် အစီအစဉ်နှင့်မကြာမီအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
source:imyanmarhouse

Local Public Housing Read 146 times