မော်လမြိုင်မြို့ ကြာအင်းကျေးရွာ၌ ပြည်နယ်အစိုးရ တည်ဆောက်ထားသည့် တန်ဖိုးသင့်အိမ်ရာကို ၂၀၁၉ နှစ်ဆန်း တွင် ရောင်းချမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာအေးဇံက ပြောသည်။
အဆိုပါအိမ်ရာရှိ တိုက်ခန်းများကို မြေညီထပ်ကျပ်သိန်း ၂၃ဝ၊ ပထမထပ်ကျပ်သိန်း ၂၁ဝ၊ ဒုတိယထပ်ကျပ်သိန်း ၂၀၀ နှင့် အပေါ်ဆုံးထပ် ကျပ်သိန်း ၁၈၀ ဖြင့် ရောင်းချရန် သတ်မှတ်ထား ပြီး ထိုအိမ်ရာစီမံကိန်းတွင် လေးခန်းတွဲ လေးထပ်တိုက် ၁၆ လုံး၊ အခန်း ၂၅၆ ခန်းရှိကြောင်း၊ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကဆိုသည်။
‘‘တန်ဖိုးသင့်အိမ်ရာတွေက ပြီးသလောက်ဖြစ်နေပါပြီ။ နှစ် ဆန်းပိုင်းလောက်ရောင်းချဖို့ အ စီအစဉ်ရှိတယ်။အငြိမ်းစားဝန် ထမ်းတွေကို ရောင်းမယ်ဆိုပေ မယ့် လိုအပ်တဲ့ပြည်သူတွေကို လည်း ရောင်းချပေးဖို့ရှိတယ်။ တိုက်ခန်းရဲ့ ၃၀ ရာခိုင်နှုန်းကို အရင်ပေးချေရမယ်။ ကျန်တဲ့ငွေ တွေကို အရစ်ကျစနစ်နဲ့ ရောင်းချသွားမယ်’’ ဟု ဒေါက်တာအေးဇံက ပြောသည်။
ပြည်သူများကိုလည်းရောင်းမည်ဖြစ်ပြီး ထိုသို့မရောင်းချမီ သတ်မှတ်ထားသည့်စည်းကမ်း ချက်များ ထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။
ယခင်အစိုးရလက်ထက်က မော်လမြိုင်မြို့တွင် သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ တည်ဆောက် ခဲ့ပြီးတစ်ခန်းလျှင်ကျပ်သိန်း ၁၂၀ မှ ၁၃၅ သိန်းဖြင့် ရောင်းချခဲ့သည်။
Source:7day Daily