မွန်ပြည်နယ်တွင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည်


02 November, 2020

 

မွန်ပြည်နယ်တွင်တန်ဖိုးသင့်အိမ်ရာတိုက်ခန်းပေါင်း ၄၆၀၀ ကျော်ကိုဆောက်လုပ်ရန်စီမံကိန်းဆွဲပြီး ကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဟုဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှသိရသည်။

အိမ်ရာစီမံကိန်းကိုရေးဆွဲကာပြည်နယ်အစိုးရကအတည်ပြုကာပြည်ထောင်စုအစိုးရဆီတင်ပြထားပြီး ဖြစ်ပါတယ် စီပွားရေးရာကော်မတီကခွင့်ပြုသည်နှင့်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှသိရသည်။

မွန်ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာန ၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဒုတိယညွန်ကြားရေးမှူး မှမွန်ပြည်နယ်တွင်တန်ဖိုးသင့်အိမ်ရာ ၄၆၀၀ ကျော်ကိုဆောက်လုပ်ရန်အတွက်တင်ပြထားပါပြီးကျိုက်မေ ရာမြို့နယ်မင်းရွာနှင့်သံဖြူဇရပ်မြို့နယ်က ဖောင်စိန်ကျေးရွာတွင်ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ 

စီမံကိန်းဘတ်ဂျက်ငွေကိုတော့နည်းသုံးနည်းနဲ့ဆောင်ရွက်ရမည်ဖြစ်ပြီး ပထမတစ်နည်းကတော့တိုင်းဒေသကြီး အစိုးရဘတ်ဂျက်နဲ့ဆောက်ခြင်း၊ ကုမ္ပဏီများနှင့်အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်း၊နောက်ဆုံးတစ်ခုကတော့ လှည့်ပတ်ရန်ပုံငွေကနေသုံးသွားခြင်းများကိုစဉ်းစားသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူများအလုပ်အကိုင်အတွက်ရော ၊ နေထိုင်ရေးအတွက်ရော အဆင်ပြေစေမှဖြစ်ပြီးကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ယူဖို့ရှိတယ်လို့ ပြောပါသည်။

ကုမ္ပဏီများတင်ဒါခေါ်ယူတာကို ပြည်နယ်အစိုးရကလုပ်ဆောင်မည်ဖြစ်ပြီး အခုကျိုက်မရောကမင်းရွာမှာဆိုရင် တိုက်ခန်းပေါင်း ၂၄၃၂ ခန်းအတွက် မြေ ၄၄ ဧကလောက် အသုံးပြူမှာဖြစ်ပြီးစတုရန်းပေတွေကတော့ ၃၂၄ ၊ ၄၀၀ ၊ ၆၅၀ သုံးမျိုးရှိပါသည်။

သံဖြူဇရပ်မြို့နယ်နှင့်ကျိုက်မရောမြို့နယ်အပါအဝင်မွန်ပြည်နယ်မှာတန်ဖိုးသင့်အိမ်ရာတိုက်ခန်းပေါင်း ၄၆၇၂ ခန်းကိုဆောက်လုပ်သွားမှာဖြစ်ပြီးဝယ်ယူသူတွေအနေဖြင့်တန်ဖိုးသင့်တိုက်ခန်းကျပ်သိန်း ၁၀၀ တန်ကိုဝယ်မည်  ဆိုပါကအရင်ဆုံးသိန်း ၃၀ ပေးသွင်းပြီးကျန်တာကိုရှစ်နှစ်အတွင်းပေးသွင်းရမည်ဖြစ်သည်။

အဆောက်အအုံများတွင်ကားပါကင်အပါအဝင်မှုလတန်းကျောင်းများပါတည်ဆောက်ရန်တင်ပြထားသည်ဟုသိရပါသည်။

imyanmarhouse

Public Housing Read 141 times