1.Strand Hotel
ရန်ကုန်မြို့လယ်ရှိ Strand ဟိုတယ်နှင့် တော်ဝင်လမ်းပေါ်ရှိ Governor’s Residence ဟိုတယ်တို့မှာ ခေတ်ဟောင်း အဆောက်အအုံနေရာများ၊ လက်ရာများ၊ ပြန်လည်မွမ်းမံမှုအနက်
အကောင်းဆုံးလက်ရာများဖြင့် ကျန်ရစ်ပြီး ရန်ကုန်ဟိုတယ်လုပ်ငန်းများအနက် ယနေ့တိုင်အကောင်းဆုံးဝန်ဆောင်မှုများ ပေးနေကြဆဲပင်ဖြစ် လေတော့သည်။
လက်ရှိအချိန်တွင်မူ Strand ဟိုတယ်ကြီးကို မိုင်ယာမီ၊ ဘာလီ၊ ဗီယမ်နမ်၊တို့တွင် ဟိုတယ်ပေါင်း များစွာဖွင့်လှစ်ထားသော Globel GHM Luxury Hotels လုပ်ငန်းကစီမံဆောင်ရွက်လျက်ရှိသည်။
2.Belmond Governor’s Residence
Leafy garden တွင်တည်ရှိပါသည်။ရန်ကုန်မြို့၏ အကောင်းဆုံး ဇိမ်ခံဟိုတယ် များနှင့်မတူပဲကွဲပြားခြားနားနေပြီး ရှေးဘုရှင်များနေထိုင်ရာ အဆောက်အဦး ဟောင်းတစ်ခု ဖြစ်ပါသည်။
အဆိုပါ အခန်းများသက်သက်သာသာနားနေ စေရန်ကောင်းစွာဖွဲ့စည်းထား ပြီး အပြင်ဘက်ရှိ ရေကူးကန်သည် အပန်းဖြေရန် ခက်ခဲသောလူများအတွက် ပြည့်စုံစွာအနားယူစီးမျော နိုင်သည်။
3. Chatrium Hotel Royal Lake
Chatrium Hotel သည် ရှေးဟောင်းသမိုင်းအဆောက်အဦး ကိုလိုနီခေတ်စတိုင် ဆောက်လုပ်ထားပြီး ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ကန်တော်ကြီးနှင့်နီးကပ်စွာ တည်ရှိပါသည်။
ဟိုတယ်တွင် အခန်းပေါင်း ၃၀၃ ခန်းရှိပြီး ကြယ်ငါးပွင့်အဆင့်ရှိ နိုင်ငံခြားဟိုတယ် တစ်ခုဖြစ်ပါသည်။
4.Novotel Yangon Max
စီးပွားရေးလုပ်ငန်းရှင်၊ခရီးသွားများနှင့် ရန်ကုန်တွင်နေထိုင်၍ သူတို့၏လူသိများသောထုတ်ကုန်များကို ရှာဖွေရန် အဓိက ရွေးချယ်မူတစ်ခု အဖြစ် Novotel Yangon Max သည် အများဆုံးရွေးချယ်ခံရသည်။
၎င်း၏Roof Top ပေါ်မှ ရွှေတိဂုံဘုရား နှင့် ရန်ကုန်မြို့၏ မြင်ကွင်းအား ပေါ်လွင်စွာကြည့်ရူနိုင်ပါသည်။
5.Savoy Hotel
ရန်ကုန်မြို့၏ Savoy ဟိုတယ်သည် ကိုလိုနီခေတ်သို့ ပြန်လည်ရောက်ရှိသွားသည်။အခန်းပေါင်း ၃ဝနှင့်မယုံကြည်နိုင်သော ပြင်ဆင်မူများနှင့်အတူ ရန်ကုန်မြို့၏လူကြိုက် အများဆုံးထဲမှ တစ်ခုဖြစ်သည်။
6.Sule Shangri-La
အကောင်ဆုံးထဲမှနောက်ဆုံးတစ်ခုအနေဖြင့် ထိန်းသိမ်းထားပြီး ကြယ်ငါးပွင့် Sule Shangri-La သည်ရန်ကုန်မြို့လယ်ရှိ ကျောက်မျက်ရတနာဖြစ်ပြီးအလွန်လှပသောအဆင့်မှီ Shangri-La အမှတ်တံဆိပ်
ဇိမ်ခံပစ္စည်းများနှင့်ထိန်းသိမ်းထားသည်။အကောင်ဆုံးထဲမှနောက်ဆုံးတစ်ခုအနေဖြင့်ထိန်းသိမ်းထားသည်။ အခန်းများကျယ်ဝန်းပြီး gym,အပြင်ဘက်ရေကူးကန်အစရှိသဖြင့်ဖြည့်စီးပေးထာပြီး
လှပတင့်တယ်၍ခေတ်မှီသော ဟိုတယ်ဖြစ်သည်။
7.Sedona Hotel
ဆီဒိုနားဟိုတယ် အား ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြေ၃ ဧကပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အင်လျားကန်ဘောင် အရှေ့တွင် တည်ရှိသည်။
ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် ဖွင့်လှစ်သည့် နှစ် ၂၀ အကြာ အတွေ့အကြုံပေါ် မူတည်၍ အထပ် ၂၉ ထပ် ၊ အခန်းပေါင်း ၄၃၁ ခန်း ပါဝင်သော အင်းလျားဆောင် အား ထပ်မံ တိုးချဲ့ဖွင့်လှစ်လိုက်သည်။