မကွေးတိုင်းဒေသကြီး ဧက ၄ဝ ခန့်အကျယ်ရှိ ဟိုတယ်ဇုန်တစ်ခု တည်ဆောက်မည်


03 December, 2020

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့ နယ် မန်းရွှေစက်တော်ဘုရားကြီးအနီးတွင် ဧက ၄ဝ ခန့်အကျယ်ရှိ ဟိုတယ်ဇုန်တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားကြီးအနီး သမင် ခြံနေရာမှာ တည်ဆောက်ဖို့ လျာထားသည်။အဆောက်အအုံပုံစံတွေ တင်ပြထားပြီးပြီ။ အောက်ခြေ မြေပြင်ကွင်းဆင်းကြည့်ပြီးပြီ"ဟု မကွေးတိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ မှ ပြောဆိုသည်။

ဟိုတယ်ဇုန်အတွင်း ဟိုတယ်အနည်းဆုံး ငါးလုံးမှ ၁ဝလုံးအထိ ဆောက်လုပ်ရန် ဟိုတယ် လုပ်ငန်းရှင်များက အလိုရှိနေပြီး ဟိုတယ်များ တည်ဆောက်ရန် ဟိုတယ်အလုံးအရေအတွက် အား ဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင် များကို တင်ဒါခေါ်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်ဇုန်လုပ်ရန် အစီအစဉ်ရှိသည်။ စတင်လုပ်မယ့်ရက်တော့ မသိရသေးပေ။ ဟိုတယ်ဇုန်အတွက် ဧက ၄ဝ လျာထားပြီး မြေပြင်တိုင်းတာ ဆောင်ရွက်နေပါတယ်။

တိုင်း အစိုးရအဖွဲ့ကို တင်ပြဖို့အတွက် တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူးနဲ့ ပြောပြီးပြီဟု မကွေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီး ဌာနဒုတိယညွှန်ကြားရေးမှူး မှ ပြောဆိုသည်။

မန်းရွှေစက်တော်ဘုရားအနီး ဟိုတယ်ဇုန်တည်ဆောက်မည့်နေရာသည် မန်း ရွှေစက်တော် ဘုရားအဝင် လှေတင်တံတားကြီး ထိပ်ဘုရားဘက်အခြမ်းတွင် တည်ရှိသဖြင့် မန်းချောင်းရေနှင့် နီးကပ်ကာ ဘုရားဖူးများ အတွက် အဆင်ပြေနိုင်ကြောင်း၊ ထို့အပြင် ဟိုတယ်ဇုန်ဖွင့်လှစ်နိုင်ပါက ဘုရားပွဲတော်ကာလ အတွင်း တည်းခိုခန်းခဈေးနှုန်းများမြင့်မားနေ မှုကို ထိန်းချုပ်နိုင်ကြောင်း၊ နိုင်ငံခြားသားခရီး သွားဧည့်သည်များ လာရောက်ပါက အဆင်ပြေစွာ တည်းခိုနိုင်ကြောင်းနှင့် ဘုရားပွဲတော် ပြင်ပ ကာလတွင် လာရောက်ဖူးမြော်ကြမည့် ဘုရား ဖူးပြည်သူများအဖို့ အဆင်ပြေစေကြောင်းကို မကွေးတိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
#Myanmar Builders Guide
 

Region Read 53 times