မဟာဗန္ဓုလအငှားအိမ်ရာတွင်နေထိုင်ခွင့်ရပြီး မဆက်သွယ်သူများ၏အိမ်ခန်းများပြန်သိမ်းမည်


02 November, 2020

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိမဟာဗန္ဓုလအငှားအိမ်ရာတွင်နေထိုင်ခွင့်မဲပေါက်ထားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနသို့သတ်မှတ်ရက်အတွင်းဆက်သွယ်ခြင်းမရှိပါက အိမ်ခန်းများပြန်သိမ်းမည်ဖြစ်ကြောင်းယင်းဌာနမှညွှန်ကြားရေးမှူးမှပြောကြားခဲ့သည်။

ပြီးခဲ့သည်မေလကုန်စာရင်းများအရမဟာဗန္ဓုလအငှားအိမ်ရာရှိအိမ်ခန်းပေါင်း ၁၂၀၀ အနက်နေထိုင်ခွင့်ပြု အိမ်ခန်းပေါင်း ၉၆၀ အတွက်မိသားစု ၇၂၅ စုကိုနေထိုင်ခွင့်ပြုခဲ့ကြောင်းသိရသည်။

ယခုလက်ရှိတွင်ယခုလအတွင်းပြန်လည်ဆက်သွယ်လာသောအိမ်ခန်းပေါင်း ၁၄၀ ကိုနေထိုင်ခွင့်ပြုရန်စစ်ဆေးမှုများပြုလုပ်နေကာ နေထိုင်ခွင့်ရသူများအနေဖြင့် ဇူလိုင်လ ၇ ရက်နေ့နောက်ဆုံးထားဆက်သွယ်ရမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်မေလအတွင်းနေထိုင်ခွင့်ပြုခဲ့သည့်မဟာဗန္ဓုလအငှားအိမ်ရာတွင် အိမ်ငှားရမ်းခတစ်လလျှင်  ကျပ် ၃၀၀၀၀၊ ပြုပြင်ထိန်းသိမ်းရေးစရိတ်ကျပ် ၅၀၀၀၊ သန့်ရှင်းရေးခ ကျပ် ၁၀၀၀ ပေးသွင်းရကြောင်းသိရသည်။

ယင်းအိမ်ရာကိုပြီးခဲ့သည့်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရကဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မဟာဗန္ဓုလနှင့် အမှတ်(၂) လမ်းမကြီးအနီးတွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 imyanmarhouse

Public Housing Read 62 times