Mahar Nawarat Office Tower


09 November, 2020

Mahar Nawarat office Tower အား Mahar Nawarat Myay Construction Group မှ တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။

ယင်း office Tower သည် ၅ဝ/၅၁ လမ်း,မဟာဗန္ဓုလလမ်းနှင့် မာ့ချက်(စ်) လမ်းကြား,ဗိုလ်တထောင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသည်။

၂ဝ၁၄ ခုနှစ် နှစ်လယ် ခန့်တွင် စတင်တည်ဆောက်ခြင်း ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ခန့်တွင် ပြီးစီးနိုင်မည်ဟုခန့်မှန်းထားသည်။

မြေဧက ၁၃၅ ပေ ပတ်လည် ပေါ်တွင် တည်ဆောက်ထားသော office Tower တစ်ခုဖြစ်ကြောင်း သိရသည်။

အထပ်ပေါင်း ၁၅ထပ် ခွဲ အမြင့် ရှိပြီး တစ်လွှာတွင် လေးခန်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

အခန်းအကျယ်အဝန်းမှာ ၂၅၅ဝ စတုရန်းပေ နှင့် ၂၆ဝဝ စတုရန်းပေ ကျယ်ဝန်းကြောင်း သိရသည်။

Pent House တစ်ခန်းပါဝင်ပြီး အခန်း အကျယ်အဝန်းမှာ ရ၅ ပေပတ်လည် ရှိကြောင်း သိရသည်။

Ground Floor နှင့် 1st Floor တွင် Shopping Center ထားရှိရန် ရည်ရွယ် ထားကြောင်း သိရသည်။

ဓာတ်လှေကား ၄စင်း တပ်ဆင်ပေးထားမည်ဖြစ်ပြီး ကား ထားရာတွင် Basement ၂ထပ် ပါရှိမည်ဖြစ်သည်။

Facility အနေဖြင့် 5th floor တွင် အားကစား ခန်းမ၊Family KTV Room၊သက်ကြီးရွယ်အိုများနှင့် တရားဘာဝနာ ပွားများလိုသူများအတွက် တရားထိုင်ရန် အခန်း၊coffee Shop တို့ပါဝင်သည်ဖြစ်သည်။

အခန်းစျေးနှုန်းများမှာ မသတ်မှတ်ရသေးကြောင်း သိရသည်။

Mahar Nawarat Myay Construction Group

Residential Read 69 times