ကွန်ဒိုတိုက်ခန်းအကျယ်ကြီးများတွင် ဝယ်ယူထားသူများအနေဖြင့် တိုက်ခန်းအကျဉ်းအကျယ် မသိသာသော်ငြားလည်းသာမန်တိုက်ခန်းနှင့် နေထိုင်သူများအတွက်
တိုက်ခန်းအကျဉ်းအကျယ်သည်လွန်စွာ စိတ်ညစ်စရာကောင်းလှသော ပြဿနာတစ်ခုပင်။
တိုက်ခန်းကျဉ်းနေသည့်ပြဿနာများကိုဖြေရှင်းရန်အတွက် ပိုက်ဆံလည်း ထပ်မကုန်ရန် နေရာ Expenseလေးများလျှော့ချပြိး ဖြေရှင်းမည်ဆိုလျှင် အကျယ်အဝန်း အနည်းငယ်ပိုထွက်လာနိုင်မည်။
(၁)ပြတင်းပေါက်နှင့် တံခါးပေါက်များအား Slide Door များသာအသုံးပြုခြင်း
သာမာန်တံခါးများ နှင့်ပြတင်းပေါက်များမှာ တွန်းဖွင့်၊ဆွဲဖွင့်ရသော တံခါးဧရိယာရှိသည့်အတွက် လူနေမှုနေရာအားထိခိုက်လာမည်ဖြစ်ပြီးဘေးကိုတွန်းဖွင့်သည့်
Slide Door များအား အသုံးပြုခြင်းဖြင့် အခန်းဧရိယာများကို ၂ဝရာခိုင်နှုန်းမှ ၃ဝရာခိုင်နှုန်းထိ သက်သာစေနိုင်သည်။
(၂)နံရံကပ်ခေါက်စားပွဲများတပ်ဆင်အသုံးပြုခြင်း
တစ်ဖက်တွင် သာထောက်တိုင်ပါရှိပြီး တစ်ဖက်အား နံရံနှင့်အသေတပ်ဆင်ထားသည့်စားပွဲများသည် မလိုအပ်သည့်အခါ နံရံတွင်ကပ်ထားခြင်းဖြင့် ထမင်းစားပွဲ,စာကြည့်စားပွဲ များအတွက်
သီးခြားနေရာပေးနေစရာမလိုတော့ပဲ တိုက်ခန်းနေရာအပို ထွက်လာစေနိုင်သည်။
(၃)ရေချိုးခန်းနှင့် အိမ်သာပူးတွဲထားရှိခြင်း
လူတစ်ယောက်သည်ပျမ်းမျှအားဖြင့် ရေ ၂ကြိမ်သာ ချိုးလေ့ရှိကြပြီး အိမ်သာဝင်ချိန်လည်း တစ်နေ့ လုံးမှ ၁နာရီခန့်သာရှိသည့်အတွက် ရေချိုးခန်းနှင့် အိမ်သာ တွဲဖက်ထားခြင်းသည်
ပြဿနာရှိမည်မထင်။ထို့အတွက် ရေချိုးခန်းနှင့် အိမ်သာ ၂ခန်းထားမည့်အစား တစ်ခန်းထာခြင်းကလည်း အခန်းဧရိယာကို အတော်အတန် သက်သာစေသည်။
(၄)၂ထပ်အိပ်စင် ၃ထပ်အိပ်စင်များတပ်ဆင်ခြင်း
ဖြုတ်နိုင်တပ်နိုင်သည့် ၂ထပ်အိပ်စင်များ၊၃ထပ်အိပ်စင်များသည်လည်း အခန်းဧရိယာအားချွေတာသည့်နည်းလမ်းဖြစ်သည်။
အိပ်စင်များကို နံရံတစ်ဖက်တွင် အသေတပ်ထားပြီး အဆင်းအတက်လှေကားများ၊ဘေးကာ တန်းများ တပ်ပြီး ထားမည်ဆိုပါက အခန်းနေရာလွတ်များ ထွက်လာနိုင်သည်။
(၅)လှေကားအောက်ဖက်အားအခန်းဖွဲ့အသုံးပြုပါ
တချို့ တိုက်ခန်းများတွင်အထဲမှ ထပ်ခိုးကဲ့သို့ အထပ်ကလေးများပါနေပြီးအများစုသောတိုက်ခန်းများတွင် ပါလေ့မရှိပေမယ့်ထပ်ခိုးပါသော တိုက်ခန်းလေးများတွင်
အပေါ်တက်သည့်လှေကားအောက်တွင် လှေကားဧရိယာအား အလကားထားမည့် အစားအခန်းဖွဲ့၍ စတိုခန်းအလုပ်ခန်းလေးများပြုလုပ်ထားခြင်းဖြင့်
အပြင်တွင် ရှုပ်နေသည့် ပစ္စည်းလေးများကို ထိုအခန်းထဲပို့ပြိး အိမ်ကို ရှင်းနိုင်သလို အထိုက်အလျောက် အခန်းဧရိယာကို ရှင်းလင်းစေနိုင်သည်။