Mandalay Convention Centre and Commercial Complex


26 October, 2020

Mandalay Convention Centre and Commercial Complex သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်း (တောင်)၊ ၆၉ လမ်း နှင့် ၇၀ လမ်းတွင် တည်ဆောက်မည့် စီမံကိန်းဖြစ်ပါသည်။

ထိုစီမံကိန်းကို အဆင့် ၃ ဆင့်ဖြင့်  ၁၄.၈ ဧက မြေပေါ်တွင်တည်ဆောက်မည်ဖြစ်ပါသည်။

တင်ဒါ

ထို စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လ တွင် တင်ဒါခေါ်ခဲ့ပြီး တင်ဒါပြိုင်သူ ၂၃ ယောက် အနက် CAD ကုမ္ပဏီနှင့် New Star Light တို့ ပူးပေါင်းထားသည့် ကုမ္ပဏီက အနိုင်ရခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ  စ၍ တည်ဆောက်ခဲ့ပါသည်။

တင်ဒါယှဉ်ပြိုင်မှုနှင့် စာရွက်စာတမ်း ကိစ္စများကို RSP Vietnam မှ ကူညီခဲ့ပါသည်။

Company Country of Origin Role
MCDC Myanmar Land Owner
RSP Vietnam Vietnam Tender documentation
Gensler US Architect
CAD Construction and Decoration Myanmar Contractor
New Star Light Construction Myanmar Contractor
Yi Xin Construction China Steel Structure

ထို့နောက်တွင် Mandalay Investment and Development Group (MIDG) ကုမ္ပဏီကို ထူထောင်ကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဖြင့်တရားဝင် အကျိုးတူ  ပူးပေါင်းကာ ဆက်လက်လုပ်ဆောင် ခဲ့ပါသည်။

ဗိသုကာဒီဇိုင်းကို အမေရိကန်ပြည်ထောင်စုမှ Gensler ဟု ခေါ်သည့် ဗိသုကာပညာရှင်အဖွဲ့ ကုမ္ပဏီက ရေးဆွဲထားပြီး ဆောက်လုပ်ရေးကို CAD ကုမ္ပဏီနှင့် New Star Light ကုမ္ပဏီတို့မှ ပင်တာဝန်ယူတည်ဆောက် ခဲ့ပါသည်။

တရုတ်ပြည်မှ Yi Xin Construction က Mandalay Convention Centre ၏ စတီးဖရိန်ကို ပါဝင် တည်ဆောက်ခဲ့သည်ဟု သိရသည်။

အဆောက်အဦးများ

ပထအဆင့်ဆောက်လုပ်မည့် စီမံကိန်းတွင် Mandalay Convention Centre (MCC) ၊ ဒုတိယအဆင့်ဆောက်လုပ်မည့် စီမံကိန်းတွင် ဟိုတယ်၊ ရုံးခန်း၊ shopping centre နှင့် ကွန်ဒိုများ ပါဝင်မည့် Commercial complex နှင့် တတိယအဆင့်ဆောက်လုပ်မည့်စီမံကိန်းတွင် အနုပညာနှင့်ဖျော်ဖြေရေးခန်းမနှင့် ကလေးကစားကွင်းတို့ ပါရှိမည်ဖြစ်ကြောင်း သိရပါသည်။

Mandalay Convention Centre ၏ အသေးစိတ်ကို ဤ link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ MCC စီမံကိန်းတည်ဆောက်ပြီးစီးသည့်နောက်တွင် ၁၂ ထပ် ဟိုတယ် ၁ လုံး၊ ၄ ထပ် ဈေးဝယ်စင်တာ၊ ၁၆ ထပ်တွင်ရှိသော ရုံးခန်းနှင့် အထပ် ၂၀ ရှိ လူနေကွန်ဒို ၂ လုံး ကို ၂၀၁၇ - ၂၀၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

လူနေကွန်ဒိုတွင် လူနေတိုက်ခန်း ၁၃၀ ခန်း ပါရှိမည်ဟုသိရပြီး ဟိုတယ်အဆောက်အဦးတွင် အခန်း ၂၀၀ ပါသည်ဟု သိရသည်။ စီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ Mandalay Convention Centre သည်  ၂၀၀,၀၀၀ စတုရန်းပေ အကျယ်အဝန်းရှိသော လေးထပ်အဆောက်အဦးဖြစ်ပြီး တစ်ချိန်တည်းတွင် အစည်းအဝေးပွဲများ၊ ဟောပြောပွဲများကိုလည်း ကျင်းပနိုင်ပါသည်။

Shopping Center

ထိုစီမံကိန်းတွင်ပါဝင်သော shopping centre ကိုစုစုပေါင်းကြမ်းခင်းဧရိယာ ၁၉,၁၀၀ စတုရန်းမီတာ ရှိပြီး အဆောက်အဦးဧရိယာမှာ ၃၅,၄၅၀ စတုရန်းမီတာရှိကြောင်းသိရသည်။ ယင်းအဆောက်အဦးတွင် basement ၁ ထပ်နှင့်အထပ်ပေါင်း ၄ ထပ်ပါဝင်မည်ဖြစ်သည်။ အဆောက်အဦး၏ မြေညီထပ်တွင် စတုရန်းမီတာ ၁၆,၀၀၀ ကျယ်ဝန်းသောကားပါကင်၊ စတုရန်းမီတာ ၁,၄၀၀ ကျယ်ဝန်းသော Shopping centre ထားရှိမည် ဟုသိရသည်။

ပထမထပ်တွင် စတုရန်းမီတာ ၂,၇၅၀ ကျယ်ဝန်းသော ကုန်တိုက် နှင့် စားသောက်ဆိုင်များထားရှိမည်ဖြစ်သည်။ ဒုတိယထပ်တွင်စတုရန်းမီတာ ၃၃၀၀ ကျယ်ဝန်းသောကုန်တိုက်နှင့် စားသောက်ဆိုင်များ၊ တတိယထပ်တွင် စတုရန်းမီတာ ၂၁၅၀ ကျယ်ဝန်းသော စားသောက်ဆိုင်များ နှင့် စတုတ္ထထပ်တွင် စတုရန်းမီတာ ၁၀၀၀ကျယ်ဝန်းသောရုပ်ရှင်ရုံတစ်ခု၊ စတုရန်းပေ ၈၅၀ ကျယ်ဝန်းသော စားသောက်ဆိုင်များထားရှိမည် ဟုသိရသည်။

ဟိုတယ်အဆောက်အဦး

ထိုစီမံကိန်းတွင် ပါဝင်သောဟိုတယ်အဆောက်အဦးတွင် မြေညီထပ်အပါအဝင်၊ ၁၃ ထပ်ပါဝင်မည် ဖြစ်သည်။ ယင်းအဆောက်အဦး၏ ကြမ်းခင်းဧရိယာမှာ ၁၈,၅၇၄ စတုရန်းမီတာကျယ်ဝန်းကြောင်းသိရသည်။ ထိုဟိုတယ်အဆောက်အဦးတွင် ဧည့်ခန်း ၂၂၈ ခန်း၊ အစည်းအဝေးခန်းများ၊ VIP အခန်းများ၊ ကားပါကင်များ အစရှိသည့် facilities များပါဝင်မည်ဖြစ်သည်။

ယင်းစီမံကိန်းတွင် ပါဝင်သောရုံးခန်းအဆောက်အဦးတွင် basement ၁ ထပ်နှ်င့်အထပ်ပေါင်း ၁၈ ထပ်ပါဝင်ပြီး စုစုပေါင်းကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၁၉,၀၂၅ ကျယ်ဝန်းကြောင်းသိရသည်။

ရုံးခန်းတာဝါ

ရုံးခန်းအဆောက်အဦးတွင် ကားပါကင် ၊ရုံးခန်းများ၊ စားသောက်ဆိုင်များ စသည့် facilities များထားရှိမည်ဟု သိရသည်။ ထိုစီမံကိန်းတွင် ပါဝင်သောလူနေအဆောက်အဦး၏ စုစုပေါင်းကြမ်းခင်းဧရိယာမှာ ၄၃,၉၆၂ စတုရန်းမီတာရှိပြီး basement 2 ထပ်နှင့် အထပ်ပေါင်း ၂၂ ထပ်၊ အခန်းအရေအတွက် ၄၈ ခန်းပါဝင်ကြောင်းသိရသည်။

Condominium

ကွန်ဒိုတွင် ကားပါကင်၊ အားကစားခန်းမ၊ ရေကူးကန်အစရှိသည့် facilities များလည်းပါဝင်မည် ဖြစ်သည်။ ယင်းကွန်ဒိုတွင် အခန်းအမျိုးအစား သုံးမျိုးပါဝင်မည်ဖြစ်ပြီး အခန်းအကျယ်အဝန်းမှာ ၉၈.၉ စတုရန်းမီတာမှ ၃၁၂ စတုရန်းမီတာအကျယ်ထိရှိကြောင်းသိရသည်။

Source: New Star Light Construction, Gensler, RSP Vietnam, Ministry of Information, Myanmar Times, Myanmar ITV, Myawady

Mixed Use and Urban Read 53 times