မန္တလေးမြို့အဝင်ဂိတ်များ၌ လမ်းအသုံးပြုခကောက်ခံ ခြင်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လေလံမပေးတော့ဘဲဧပြီ ၁ ရက်က စတင်ကာမန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မ တီက ကောက်ခံမည်ဖြစ်ကြောင်း အဆိုပါကော်မတီဝင်တစ်ဦးက ပြောသည်။
‘‘မြို့ဝင်ဂိတ်တွေမှာ လမ်း အသုံးပြုခကောက်တဲ့လုပ်ငန်းကို လာမယ့် ဧပြီ ၁ ရက်ကစပြီး စည်ပင်က နည်းပညာအသုံးပြုပြီး ကောက်ခံသွားတော့မယ်။ အခုလိုလုပ်တာက စမတ်စီးတီးဖြစ် အောင်ဖော်ဆောင်တဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ပါတယ်’’ ဟု မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီဝင်တစ်ဦးက ပြောသည်။
မြို့ဝင်ဂိတ်များတွင်ကောက် ခံနေသည့် နှုန်းထားများအပြောင်း အလဲမရှိဘဲလက်ရှိကောက်ခံနေသည့် နှုန်းအတိုင်းသာ ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
မန္တလေးမြို့အဝင်ဂိတ် လေး ခုဖြစ်သည့် ရွှေကျင်၊ အောင်ပင် လယ်၊ ထုံးဘို - မြစ်ငယ်နှင့် ရွှေ ကြာယက်ဂိတ်ကို လမ်းအသုံးပြု ခကောက်ခံရေးလုပ်ငန်းအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များက လေ လံအောင်မြင်ခဲ့ရာ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၁၄ ဘီလီ ယံနှင့် ၂၀၁၈ ဧပြီ ၁ရက်မှ ၂၀၁၉ မတ်လ ၃၁ ရက်အထိကျပ် ၁၅ ဘီလီယံကျော်ဝင်ငွေရရှိသည်။
အထက်ပါ လေလံသက် တမ်းကုန်ဆုံးပြီး ၂၀၁၉ ဧပြီ ၁ ရက်ကစတင်ကာ မန္တလေးမြို့အ ဝင်ဂိတ်များ၌ ငွေကောက်ခံခြင်း လုပ်ငန်းကို မန္တလေးမြို့တော်စည် ပင်သာယာရေး ကော်မတီက ကိုယ်တိုင်ဆောင်ရွက်ရန် စီစဉ် ခြင်းဖြစ်သည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပေးစဉ်က ငွေကြေး ပိုမိုကောက်ခံခြင်း၊ ဝန်ထမ်းများ ၏ ဆက်ဆံရေးမပြေလည်ခြင်း တို့ကြောင့် တိုင်ကြားမှုများစွာရှိ သည်။
မြို့ဝင်ဂိတ်များတွင် တာဝန် ထမ်းဆောင်ရန်ဝန်ထမ်း ၁၆၀ ခေါ်ထားပြီး သင်တန်း ပို့ချမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။