မန္တလေးမြို့မင်္ဂလာဈေးပြန်လည်တည်ဆောက်ရာတွင်ဈေးနံဘေးရှိမြို့တော်ဝန်အိမ်၊ ဆိုင်ခန်းများနှင့်ဓမ္မာရုံနေ ရာများချန်လှပ်ပြီးမူလဧရိယာအတိုင်းအသစ်တည်ဆောက်မည်ဟု မန္တလေးတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးမှပြောသည်။
မီးသင့်မင်္ဂလာဈေးကိုအသစ်ပြန်လည်တည်ဆောက်ရာ၌စတင်တည်ဆောက်စဉ်ကပါဝင်ခဲ့သည့် ဧရိယာအတိုင်းတည်ဆောက်ရန်စဉ်းစားနေကြောင်းသတင်းများထွက်ပေါ်ခဲ့ပြီးယင်းဧရိယာအတွင်း မြို့တော်ဝန်နေထိုင်ခဲ့သည့် အိမ်၊ ဆိုင်ခန်းများ၊ ဓမ္မာရုံနှင့်စေတီတို့ ရှိနေသည်။
ယင်းဧရိယာရှိဓမ္မာရုံနှင့်စေတီကိုမဖြိုဖျက်ချင်သောကြောင့် မီးသင့်ခဲ့သည့်ဈေးဧရိယာအတိုင်းသာ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
မင်္ဂလာဈေးသစ်အဆောက်အအုံဒီဇိုင်းကိုသီးသန့်အပ်ထားပြီး ဒီဇိုင်းအသေးစိတ်ရရှိမှသာ ဆောက်လုပ်ခွင့်တင်ဒါခေါ်ယူမည်ဟု ဦးဇာနည်အောင်ကပြော ကြားသည်။
လက်ရှိတွင်မီးသင့်မင်္ဂလာဈေးအဆောက်အအုံကို ဇွန်လ ၂၄ ရက်ကစတင်ဖြိုဖျက်ခဲ့ပြီးလေးလအတွင်း ဖျက်သိမ်းမည်ဟုမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဆောက်အအုံနှင့် ကုန်ရုံဌာနမှသတင်းရရှိ သည်။
imyanmarhouse