မန္တလေး WATER BOOM


01 January, 2020

မန္တလေးမြို့တွင်အကောင်အထည်ဖော်တည်ဆောက်နေသည့်WATER BOOM စီမံကိန်းကို ၂၀၁၉ ဒီဇင်ဘာလကုန်တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း UMG ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်မာလာဝင်းကပြောကြားခဲ့သည်။

 MANDALAY WATERBOOM စီမံကိန်းမှာ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားရာလမ်း ၆ မိုင်ခွဲတွင်တည်ဆောက်နေပြီး မြေဧက ၂၀ ကျယ်ဝန်းသည်ဟုသိရှိရသည်။

 ဖွင့်လှစ်မယ့်ဈေးနှုန်းနှင့်ပတ်သက်ပြီး ဒေါ်မာလာဝင်းက ဖွင့်လှစ်မယ့်ဈေးနှုန်းတွေကိုတော့မသိသေးဘူးနိုင်ငံတော်အတွက် ပြယုဂ် တစ်ခု ဖြစ်ပြီး နိုင်ငံခြားဝင်ငွေ ရအောင် လုပ်ဆောင်သွားမှာဖြစ်တယ် ဟုပြောကြားခဲ့သည်။

 အဆိုပါစီမံကိန်းတွင် အော်ဂဲနစ် စိုက်ခင်းများ ဟိုတယ် မွေးမြူရေးနှင့် တောတွင်းတိရစ ္ဆာန်များမွေးမြူသွားမည်ဇြစ်ပြီး နိုင်ငံတကာနှင့်ပြည်တွင်း အပန်းဖြေလာရောက်သူများအားလုံး သဘာဝအသီးအရွက်များစားသုံးနိုင်ရန်စီမံသွားမည်ဖြစ်ကြောင်းလည်းသိရှိရသည်။

Local Read 56 times