နေပြည်တော်တွင် သရက်သီးအနှစ် စက်ရုံ တည်ဆောက်မည်


28 October, 2020

နေပြည်တော်တွင် သရက်သီးအနှစ်စက်ရုံ တည်ဆောက်ပြီး တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့သွားရန် ရှိနေကြောင်း သိရသည်။

သရက်သီးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ထွက်ရှိသောအသီးတစ်မျိုးဖြစ်ပါသည်။

ယင်းသရက်သီးများသည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာ၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ တံတားဦးနှင့် စစ်ကိုင်းမြို့နယ်အစရှိသည့်ဒေသများတွင် အများဆုံးထွက်ရှိပြီး ပြည်ပပို့ကုန်တစ်မျိုးလည်းဖြစ်ပါသည်။ ယခုနှစ်တွင်အနှစ်ရောအခြောက်ရောမြန်မာထုတ်ကုန်ကို ကိုရီးယား၊ တရုတ်ဘက်နှင့်ဂျပန်ပို့ရန်ရှိကြောင်းသိရသည်။

သရက်သီးသည်ပြည်ပမှဈေးကွက်ဝယ်လိုအားများစွာရှိနေ၍မြန်မာတနိုင်ငံလုံးမှထွက်ရှိသောသရက်သီးများကို ဝယ်ယူမည်ဟု သိရသည်။

ထွက်ရှိသောသရက်သီးများကိုနေပြည်တော်တွင်အနှစ်ပြုလုပ်ပြီးကိုရီးယားမှရသလောက်ဝယ်ယူဖို့ရှိနေကြောင်းသိရသည်။

စက်ရုံတည်ဆောက်မှုပြီးစီးပြီးယခုနှစ်ပိုင်းတွင်စမ်းသပ်တင်ပို့တော့မည်ဖြစ်ကြောင်းသိရသည်။

အရင်နှစ်များတွင်သရက်သီးကိုတရုတ်နိုင်ငံသို့အဓိကတင်ပို့ပြီးယခုနှစ်ပိုင်းတွင်ဈေးကွက်ချဲ့ထွင်လာခြင်းဖြစ်ပါသည်။

 

Source:free4 reader

Infrastructure and Zones Local Region Read 49 times