ကွန်ကရစ်တိုင်များပြုပြင်ရာတွင် အသုံးပြုရမည့်ပစ္စည်းများ


01 March, 2020

ပထမဦးစွာအသုံးပြုမည့် ပစ္စည်းများကို သတ်မှတ်ပြီး ကိရိယာများကို ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကွန်ကရစ်တိုင်များ ပြုပြင်ဖာထေးတဲ့အခါ အသုံးများသည့္ပစ္စည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) Portland Cement and White Portland Cement

 

ကွန်ကရစ်များကို ဖာထေးတဲ့အခါမှာ တချို့ဘိလပ်မြေများသည် ဖာထေးသည့်နေရာတွင် အကွက်လိုက်(အမဲကွက်)အရောင်ကွဲပြီး ကျန်နေတတ်ပါသည်။

 

မူလကွန်ကရစ်သားအရောင်နှင့်ကွဲသည့်အတွက် အမြင်မကောင်းမှုများ ဖြစ်တတ်ပါတယ်။

 

ထိုကြောင့် အသုံးပြုမည့်ဘိလပ်မြေကို ရွေးချယ်ခြင်းကအရေးကြီးပါတယ်။

 

Portland cement နှင့် white Portland cement များကို အသုံးပြုခြင်းအားဖြင့် ယင်းပြသနာများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

 

(၂) Aggregate and Sand

 

ရောစာကြီးနှင့် သဲအနေဖြင့် ထုံးကျောက်နုများကို အသုံးပြုခြင်းဖြင့် အရောင်ကို ပိုတောက်စေမှာဖြစ်ပါတယ်။

 

(၃) Gauging Liquid

 

ရေနှင့် polymeric meterials များ ရောစပ်ထားသော Styrene Butadience rubber(SBR)များ၊ Polyvinyl Acetate(PVA) သို့မဟုတ် Acrylic Material များကို အသုံးပြုသင့်ပါသည်။

 

၎င်းတို့ကို ကော်ရည်အနေဖြင့် အသုံးပြုခြင်းအားဖြင့် မူလကွန်ကရစ်နှင့် စေးကပ်မှုအားပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

 

ထို့အပြင် ကွန်ကရစ်၏ ခံနိုင်ရည်၊ မာကျောမှု စသည့်ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ တိုးလာစေမှာဖြစ်ပါတယ်။

 

ကွန်ကရစ် အက်ကွဲမှုများကို ဖာထေးတဲ့အခါ အထက်ပါပစ္စည်းများကို အဓိကာအားဖြင့် အသုံးပြုလျက်ရှိပြီး တခါတရံတွင် အက်ကွဲမှုအရွယ်အစား crack width အပေါ်မူတည်ပြီး

 

Epoxy သို့မဟုတ် Polyester resin များ လိုအပ်လာနိုင်ပါတယ်။

 

အကယ်၍ ကြီးကြီးမားပြုပြင်ဖာထေးမှုများဆိုပါက Formwork, Formwork Tie, clamps နှင့် ကြိုးများ လိုအပ်လာမှာ ဖြစ်ပါတယ်။

 

ပြုပြင်ဖာထေးတဲ့အပိုင်းကို အသားနပ်ဖို့ curing လုပ်ဖို့အတွက် ပလာစတစ်အခင်းများ လိုအပ်ပါမယ်။

Tips Read 201 times