Maubin Industrial Zone


26 October, 2020

မအူပင်စက်မှုဇုန် (Maubin Industrial Zone) သည် ဧရာဝတီတိုင်း မအူပင်တွင် ဆောက်လုပ်မည့် အမေရိကန်ဒေါ်လာ သန်း ၂၆၀ တန် စက်မှုဇုန် ဖြစ်ပါသည်။

 

တည်နေရာမှာ ညောင်ဝိုင်းရွာစုနှင့် ပန်းတပွတ်ရွာစု ကြားရှိ မြေဧက ၂၈၃ ဧကတွင် တည်ရှိပါသည်။

ထိုစက်မှုဇုန်မှာ ၂၀၁၂ ခုနှစ်ကတည်းက တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ထိုနယ်မြေမှာ လယ်သမားများပိုင်ဆိုင်သည့် လယ်ယာမြေဖြစ်ပြီး လုပ်ကိုင်ခွင့်ရရှိခဲ့သော ကုမ္ပဏီများမှာ လယ်မြေများကိုဝယ်ယူကာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ လန-၃၀ ပုံစံဖြင့် စက်မှုဇုန်လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်ထိ ခွင့်ပြုချက်ရရှိမရှိကို မသိသေးပေ။

Investment and Ownership

ထိုစီမံကိန်းကို Maubin Development Public ကုမ္ပဏီက ဦးဆောင်လုပ်ဆောင်မည်ဖြစ်ပြီး တရုတ်ပြည်မှ Shanghai Yuandong Investment Group နှင့် မြန်မာပြည်မှ Southern Metal Industry တို့လည်း ပါဝင်ကာ အကျိုးတူပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

Maubin Development Public ကုမ္ပဏီမှာ ရှယ်ယာရှင် ၁၃၄ ယောက်ဖြင့် ဖွဲ့စည်းထားသော အများပိုင် ကုမ္ပဏီဖြစ်ပြီး ၁၀၈ ယောက်မှာ လယ်သမားများ ဖြစ်သည်။

ဤစီမံကိန်းအတွက် သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ရေးထိုးခဲ့သည်။

စာချုပ်အရ ပိုင်ဆိုင်မှုများအနေဖြင့် Maubin Development Public က ၃၀ ရာခိုင်နှုန်း Shanghai Yuandong က ၅၀ ရာခိုင်နှုန်း Southern Metal Industry က ၁၅ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်သည်။

ရင်းနှီးမြှပ်နှံမှုပမာဏသည် ကျပ် ၂၉၄ ဘီလီယံ ရှိမည်ဟု သိရပြီး အခြေခံအဆောက်အဦးများအတွက် ကျပ် ၂၂ ဘီလီယံ သုံးစွဲမည်ဟု သိရသည်။

Infrastracture and utility

လက်ရှိတွင် တစ်ချို့သော အခြေခံအဆောက်အဦးများဖြစ်သည့် လမ်း၊ မြောင်း၊ ခြံစည်းရိုးများ ဆောက်လုပ်ပြီးဖြစ်ပြီး ရှယ်ယာဝင်လယ်သမားများအတွက်လည်း လူနေအိမ်များ ဆောက်လုပ်ရန် စတင်လေ့လာနေပြီဖြစ်သည်။

လျှပ်စစ်ဓာတ်အားကို ကျိုက်ခလက်ဓာတ်အားခွဲ စက်ရုံမှ ပေးမည်ဟု လျာထားပြီး နေရောင်စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကလည်း လျှပ်စစ်ဓာတ်အား ထုတ်ပေးရန်အတွက် လာပြောထားသည်ဟု ဆိုသည်။

ထိုစက်မှုဇုန်တွင် စုစုပေါင်းစက်မှုဇုန် ၅၀ ပါဝင်မည်ဟုသိရပြီး အထည်ချုပ်စက်ရုံက ၄၃ ရုံ၊ စားသောက်ကုန်စက်ရုံ ၃ ရုံ၊ လူသုံးကုန်ထုတ်လုပ်ရေး စက်ရုံ ၃ ရုံ၊ စာပေထုတ်လုပ်ရေး ၁ ရုံ၊ ဖျော်ဖြေရေးနှင့်ပတ်သက်၍ ၁ ရုံ၊ လျှပ်စစ်ပစ္စည်းစက်ရုံ ၁ ရုံ စသည်တို့ ဖြစ်သည်။

ထိုစက်မှုဇုန်စီမံကိန်းကို ၃ နှစ် အတွင်း အပြီးတည်ဆောက်မည်ဟု သိရသည်။ စက်ရုံများပြီးသွားပါက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၀၀၀၀ ကျော် ရရှိမည်ဟု သိရသည်။ 

Source: Global New Light of Myanmar, Myanmar Times

Infrastructure and Zones Read 69 times