Maubin-Phyapon Road Rehabilitation Project


26 October, 2020

ယနေ့တင်ပြမည့် စီမံကိန်းမှာ ဧရာဝတီတိုင်းအတွင်း ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်းတိုင်းကြောင့် ပျက်စီးသွားသည့်လမ်းကို ဒေါ်လာသန်း ၈၀ ကုန်ခံကာ ပြန်လည်ပြင်ဆင်မည့် စီမံကိန်းဖြစ်ပါသည်။

ထိုလမ်းမှာ ၂ လမ်းသွား လမ်းတစ်ခုဖြစ်ပြီး မအူပင်မြို့မှ စကာ ကျိုက်လတ်မြို့ကို ဖြတ်၍ ဖျာပုံတွင် ဆုံးကာ ၅၅ ကီလိုမီတာ ရှည်ပါသည်။

ထိုလမ်းကို ပြန်လည်တည်ဆောက်ခြင်းဖြင့် ဆက်သွယ်သွားလာရေး ကောင်းမွန်လာခြင်း၊ လူမှုရေးစီးပွားရေးများ ပြန်လည်တိုးတက်လာခြင်း စသည်ဖြင့် ကောင်းကျိုးများ ရရှိမည်ဟု အစီရင်ခံစာတွင် ရေးထားသည်။

ထိုစီမံကိန်းကို အာရှဖွံဖြိုးရေးဘဏ် (ADB)   ချေးငွေဖြင့် အဓိက ဆောင်ရွက်မည်ဖြစ်ပြီး လမ်းဆောက်လုပ်ရေး အကြံပေးအငှားခ စသည့်ဖြင့် စုစုပေါင်း ဒေါ်လာ ၈၀.၈ သန်း ရင်းနှီးမြှပ်နှံမည်ဟု သိရသည်။

ငွေရေးကြေးရေး

စီမံကိန်းအတွက် ချေးငွေကို ADB မှ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် အတည်ပြုပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချေးငွေစာချုပ်ကို မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ADB တို့ သဘောတူညီမှု ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အသက်ဝင်လာခဲ့ပါသည်။

စီမံကိန်းကုန်ကျစရိတ်၏ ဒေါ်လာ ၈၀.၈ သန်း ကို ရင်းနှီးမြှပ်နှံစရိတ်၊ ကြိုတင်မခန့်မှန်းနိုင်သည့် လိုရမယ်ရစရိတ်နှင့် အတိုးဟူ၍ သုံးပိုင်းခွဲထားပါသည်။

သုံမည့်နေရာ  အမေရိကန်ဒေါ်လာ
   
ရင်းနှီးမြှပ်နှံစရိတ် စုစုပေါင်း ၆၂.၇ သန်း
ဆောက်လုပ်ရေးစရိတ်  ၅၅.၂ သန်း
စက်ပစ္စည်းခ  ၂.၃ သန်း
ပတ်ဝန်းကျင်နှင့်လူမှုရေး ထိန်းသိမ်းခ ဝ.၈ သန်း
စီမံကိန်း ကြီးကြပ်ရေး၊ အကောင်အထည်ဖော်ဆောင်ရေး ၄.၀ သန်း
Administration ဝ.၄ သန်း
ကြိုတင်မခန့်မှန်းနိုင်သည့်စရိတ် စုစုပေါင်း ၁၆.၅ သန်း
ဈေးနှုန်းလိုအပ်ချက် ၁၀.၂ သန်း
ပစ္စည်းလိုအပ်ချက် ၆.၃ သန်း
ငွေရေးကြေးရေးဝန်ဆောင်မှု စုစုပေါင်း ၁.၆ သန်း
အတိုး  ၁.၆

ထိုမှ ရင်းနှီးမြှပ်နှံစရိတ်တွင် ပါဝင်သည့် ဆောက်လုပ်ရေးကုန်ကျစရိတ်၊ စက်ပစ္စည်းခ၊ ပတ်ဝန်းကျင်နှင့်လူမှုရေး ထိန်းသိမ်းခ၊ စီမံခန့်ခွဲခ စသည်တို့အတွက် ဒေါ်လာ ၆၂.၇ သန်း လျာထားပါသည်။

ကြိုတင်မခန့်မှန်းနိုင်သည့်လိုရမယ်ရစရိတ်ကို ဒေါ်လာ ၁၆.၅ သန်း သတ်မှတ်ထားပြီး အတိုးကို ဒေါ်လာ ၁.၆ သန်း လျာထားပါသည်။

တင်ဒါ

ထိုလမ်း ပြန်ပြင်ဖို့ တင်ဒါကို ဆောက်လုပ်ရေးဝန်ကြီးဌာန က ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မအူပင်မှစ၍ ဖျာပုံမြို့ဆီသို့ ပထမလမ်းပိုင်း (ICB1-MP) ၂၅.၅ ကီလိုမီတာ တစ်ပိုင်း၊ ဒုတိယလမ်းပိုင်း (ICB2-MP) ၂၉ ကီလိုမီတာ တစ်ပိုင်း နှစ်ပိုင်းပိုင်း၍  ခေါ်ယူခဲ့ပါသည်။ ICB1-MP တင်ဒါကို နိုင်ငံတကာကုမ္ပဏီ ကိုးခု လျှောက်လွှာတင်ခဲ့ပြီး ICB2-MP ကို နိုင်ငံတကာကုမ္ပဏီ ခြောက်ခု လျှောက်လွှာတင်ခဲ့ပါသည်။ ထိုအနက်မှ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ရာတွင် ICB1-MP တွင် ကုမ္ပဏီလေးခု၊ ICB2-MP ကုမ္ပဏီသုံးခု ယှဉ်ပြိုင်ခဲ့ပါသည်။

ICB1-MP Tender

ompany Bid Price in Myanmar Kyats

Remark

Myat Eaindray-China Road and Bridge Corporation JV ၃၃.၂ ဘီလီယံ  
Myanmar Shwe Ying Int’L- Sinohydro Corporation JV   Bid not technically responsive
China Petroleum Pipeline Bureau   Bid rejected. Bid security not submitted
Jung Heung Construction Co. Ltd ၁၅.၈ ဘီလီယံ တင်ဒါအောင်မြင်သူ
Soil Energy-No. 703 Construction and Investment Joint Stock JV   Bid not technically responsive
Full Strength-Mann Pyi Dagon- Primoris Service Corporation JV   Bid not technically responsive
Shwe Taung ,Wika, Tokyu, STK JV ၁၇.၇ ဘီလီယံ  
Lotte – A1 JV   Bid not technically responsive
FCGC-CGGC JV ၂၈.၉ ဘီလီယံ  

ICB2-MP Tender

Company Bid Price in Myanmar Kyats

Remark

Myat Eaindray-China Road and Bridge Corporation JV ၃၉.၃ ဘီလီယံ  
Full Strength-Mann Pyi Dagon- Primoris Service Corporation JV   Bid not technically responsive
Shwe Taung ,Wika, Tokyu, STK JV ၂၂.၂ ဘီလီယံ တင်ဒါအောင်မြင်သူ
Lotte – A1 JV   Bid not technically responsive
FCGC-CGGC JV ၃၃.၄ ဘီလီယံ  

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် တစ်ပိုင်းစီအတွက် အဖွဲ့တစ်ဖွဲ့စီကို ရွေးချယ်ခဲ့ပါသည်။

ပထမလမ်းပိုင်း ICB1-MP ကို  ကိုရီးယားနိုင်ငံ Jung Heung Construction မှ ကျပ်ငွေ ၁၅.၈ ဘီလီယံ ဖြင့်လည်းကောင်း ကျန်သည့် ဒုတိယလမ်းပိုင်း ICB2-MP ကို မြန်မာ၊ အင်ဒိုနီးရှား၊ ဂျပန် ပူးပေါင်းထားသည့် Shwe Taung-WiKA-Tokyu-STK JV မှ ကျပ်ငွေ ၂၂.၂ ဘီလီယံဖြင့် လည်းကောင်း တင်ဒါအနိုင်ရရှိခဲ့ပါသည်။

အကြံပေးများ

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် လုပ်ငန်းများစတင်ရန် ထိုအဖွဲ့နှစ်ဖွဲ့အားတာဝန်လွှဲအပ်ခဲ့ပါသည်။  ထို့နောက် အကြံပေးများအနေဖြင့် သြစတြေးလျနိုင်ငံမှ Snowy Mountain Engineering Corporation (SMEC) မှ စီမံကိန်းစီမံခန့်ခွဲရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒီဇိုင်းစီစစ်ရေးတို့ကို အခြားအကြံပေး ကုမ္ပဏီသုံးခုနှင့်အတူ လုပ်ဆောင်မည်ဖြစ်သည်။

အခြားအကြံပေးကုမ္ပဏီများမှာ ဂျပန်မှ Oriental Consultants Global၊ တောင်ကိုရီးယားမှ Pyunghwa Engineering Consultants နှင့် မြန်မာမှ Suntac Technologies တို့ဖြစ်သည်။ ထိုအကြံပေးအဖွဲ့က ဆောက်လုပ်ရေးကုမ္ပဏီများမှ ရေးဆွဲထားသည့် အင်ဂျင်နီယာဒီဇိုင်းပိုင်း ကို အသေးစိတ်စိစစ်အတည်ပြုရေး၊ ပြန်လည်ပြုပြင်ရမည့် တံတားနှစ်စင်း၏ ဒီဇိုင်းပိုင်းများ စီစစ်ပေးရေး၊ ငွေရေးကြေးရေးများ ထိန်းသိမ်းပေးခြင်း စသည့်ဖြင့် ုလုပ်ဆောင်ပေးမည်ဖြစ်သည်။  

စီမံကိန်းက မတ်လ ၂၀၁၈တွင်ပြီးရန်လျာထားပါသည်/

Source: ADB, Global News Light of Myanmar, Ministry of Construction

Infrastructure and Zones Read 52 times