ဟိုတယ်ဇုန်ခွင့်ပြုရာမှ မုတ္တမနှင့်မော်လမြိုင်မြို့ကြား ရေလယ်ကျွန်းမြေများ အရောင်းအဝယ်ဖြစ်


20 August, 2020

မွန်ပြည်နယ် အစိုးရက မုတ္တမနှင့် မော်လမြိုင်မြို့ ကြား သံလွင်မြစ်ကြောင်းအတွင်း ရေလယ်ကျွန်းများကို ဇွန်လ အတွင်းက ဟိုတယ်ဇုန်တည်ဆောက်ခွင့် ပြုခဲ့ရာမှ တစ်ဧကသိန်း တစ်ရာကျော်နှင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

ယခင်အဆိုပါကျွန်းများတွင် မြေတစ်ဧကကို သိန်းဆယ်ဂဏာန်းသာရှိခဲ့ရာမှ ပြည်နယ်အစိုးရ၏ဟိုတယ် ဆောက်လုပ်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာပြီး နောက်ပိုင်းတွင် ကျပ်သိန်းတစ်ရာကျော်ထိ ဈေးပေါက်ခဲ့ကြောင်းသိရသည်။

မုတ္တမနှင့် မော်လမြိုင်မြို့ကြားရှိ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် ဧက လေးဆယ်ကျော် ကျယ်ဝန်းသည့် ကျွန်းပေါင်း ၁၀ ကျွန်း ရှိကြောင်း ၊အဆိုပါကျွန်းများကို ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ ဟိုတယ် လုပ်ငန်းစုများကလည်း ဝယ်ရန် လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းသိရပြီး မြန်မာနိုင်ငံလုပ်ငန်းရှင် အချို့ကလည်း ဝယ်ယူထားမှုများရှိကြောင်းသိရသည်။

Local Read 116 times