ထိုစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးတို့ ပူးပေါင်းဆောက်လုပ်လျှက်ရှိကြောင်းသိရသည်။
ယင်းခုံးကျော်တံတားတွင် အများပြည်သူအပန်းဖြေဧရိယာတည်ဆောက်မှုကို လုပ်ကွက်သုံးခုဖြင့် ဆောက်ရွက်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟုသိရသည်။
ပြန်လည်မွမ်းမံခြင်းအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက အကုန်အကျခံဆောင်ရွက်ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံမှ ဗိသုကာပညာရှင်များ၊ မြန်မာနိုင်ငံဗိသုကာပညာရှင်များအဖွဲ့၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ဗိသုကာပညာဘွဲ့ရမြန်မာမျိုးဆက်သစ်လူငယ်များတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ထိုတံတားတွင် ပြည်သူလူထု နားနေနိုင်မည့်နေရာများ၊ စိမ်းလန်းဧရိယာများကို ပါအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။]
မြေနီကုန်းခုံးကျော်တံတားတွင် အများပြည်သူအပန်းဖြေဧရိယာတည်ဆောက်မှုကို နိုဝင်ဘာလတတိယပတ်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ဒဂုံစင်တာဘက်ခြမ်းရှိ ပထမလုပ်ကွက်မှာယခုလပထမပတ်အတွင်းပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
ထိုမြေနီကုန်းခုံးကျော်တံတားအသွင်ပြောင်းစီမံကိန်းပြီးစီးပါက တာမွေခုံးကျော်တံတား၊ ရှစ်မိုင်လမ်းဆုံခုံးကျော်တံတား၊ ရွှေဂုံတိုင်ခုံးကျော်တံတား နှင့် လှည်းတန်းခုံးကျော်တံတားများကိုလည်း တံတားအသွင်ပြောင်းဆောင်ရွက်မှုစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
Source:Pyimyanmar