MBS စတုတ္ထမြောက်တာဝါ တည်ဆောက်မည်


08 February, 2024

MBS စတုတ္ထမြောက်တာဝါ တည်ဆောက်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

စင်ကာပူနိုင်ငံမှ Marina Bay Sands (MBS) သည် စတုတ္ထမြောက် တာဝါအဆောက်အဦ တည်ဆောက်ရန် အာဏာပိုင်များထံမှ ခွင့်ပြုချက် ရရှိထားပြီ ဖြစ်သည်။ 

 

မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့  Urban Redevelopment Authority (URA) ၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အကုန်တွင် MBS ကို လက်ရှိတာဝါ ၃ ခုတွဲ၏ ဘေးရှိ မြေကွက်လပ်တွင် စတုတ္ထမြောက် တာဝါကို တည်ဆောက်ရန် ခွင့်ပြုထားသည်။ 

 

 

ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည့် URA ၏ အချက်အလက်များအရ တာဝါအသစ်တွင် ကြမ်းခင်းဧရိယာ ၁၅၃,၁၀၀ ကို ဟိုတယ် အခန်းပေါင်း ၅၈၇ ခန်းအတွက် သုံးစွဲမည်။

ကြမ်းခင်းဧရိယာ ၁၂,၁၈၅ ကို လက်လီအရောင်းနှင့် ဝန်ဆောင်မှုများ၊ စားသောက်ဆိုင်များအတွက် သုံးစွဲမည်။

 

လက်ရှိတာဝါ ၃ ခုတွဲ ပေါင်းစပ်ထားသည် အပန်းဖြေ အဆောက်အဦကို ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ 

မိခင်ကုမ္ပဏီ Las Vegas Sands (LVS) မှ ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော မြေကွက် အပါအဝင် ကနဦးခန့်မှန်းချက် စီမံကိန်း ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ 3.3 ဘီလီယံ (S$ 4.5 ဘီလီယံ) ဖြစ်ပြီး ယခုအခါ ကုန်ကျစရိတ်များ၊ ဈေးနှုန်းများ မြင့်တက်ခဲ့သဖြင့် စီမံကိန်း ကုန်ကျစရိတ်သည် ယခင် ခန့်မှန်းထားသည်ထက် ပိုပိုကုန်ကျမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

 

 မြေကွက်ကို ၂၀၆၆ ခုနှစ် ဩဂုတ်လအထိ ငှားရမ်းထားသည်။ စတုတ္ထတာဝါ စီမံကိန်းကို ၂၀၁၈ ခုနှစ် ဧပြီလ ၈ ရက်နောက်ဆုံးထားပြီး အပြီးအစီး အကောင်အထည်ဖော်ရမည် ဖြစ်သည်။

 

စတုတ္ထတာဝါ အမိုးပေါ်တွင် ရေကူးကန်တခု ထားရှိမည်။ ထို့ပြင်  ပရိသတ် အနည်းဆုံး ၁၅,၀၀၀ အတွက် ထိုင်ခုံများပါသည့် ပွဲခင်းခန်းမ အကြီးစားတခု ပါဝင်သည်။

 

Source Asiaone 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Mixed Use and Urban Read 427 times