နိုင်ငံတော်၏ အသေးစားအလတ်စားနှင့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် JICA တို့အတွက် လိုအပ်သည့်အချက်များ
နိုင်ငံတော်သည် စီးပွားရေးအခြေခံလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ဆောင်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ အားပေးမြှင့်တင်ဆောင်ရွက်ရာတွင် လိုအပ်သောအရင်းအနှီးငွေကြေးများ ရရှိစေနိုင်ရေးကိုလည်း စည်းမျဉ်းဥပဒေများနှင့်အညီ ဖော်ဆောင်ပေးမည်ဖြစ်ပါသည်။
သို့ဖြစ်၍ အထက်ပါလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး ငွေကြေးရင်းနှီးလိုအပ်နေသူလုပ်ငန်းရှင်များသို့ နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အထူးအစီအစဉ်ဖြင့် ဘဏ်ချေးငွေများ ထုတ်ချေးမည်ဖြစ်ကြောင်းသိရပါသည်။
ဘဏ်ချေးငွေများ ထုတ်ချေးမည့်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကဏ္ဍ | အကျုံးဝင်သောလုပ်ငန်းများ | ထုတ်ချေးမည့်ကဏ္ဍ | တစ်နှစ်အတိုးနှုန်း | ချေးငွေသက်တမ်း |
လယ်ယာကဏ္ဍ | (၁)စိုက်ပျိုးရေးလုပ်ငန်းများ (၂)မွေးမြူရေးလုပ်ငန်းများ (၃)စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆက်စပ်သောစီးပွားရေးလုပ်ငန်းများ | MADB မှတစ်ဆင့် ထုတ်ချေးမည်ဖြစ်ပါသည်။ | MEB မှ MADB သို့ ၈.၅%ဖြင့်ထုတ်ချေ ပြီး MADB မှ လုပ်ငန်းရှင်သို့ ၉% ဖြင့်ထုတ်ချေးပါမည်။ | (၃)နှစ်မှ(၅)နှစ် |
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကဏ္ဍ |
(၁)ကုန်ထုတ်လုပ်မှုလုပ်ငန်များ (၂)ကုန်ထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းများ (၃)ပြည်ပပို့ကုန်လုပ်ငန်းများ (၄)သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှု လုပ်ငန်းများ (၅)Recycling နှင့် Energy Saving လုပ်ငန်းများ (၆)နည်းပညာအခြေခံထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ |
MEB မှ တိုက်ရိုက် ထုတ်ချေးပါမည်။ | ၉% | (၃)နှစ်မှ(၅)နှစ် |
ဆောက်လုပ်ရေးကဏ္ဍ | (၁)ဆောက်လုပ်ရေးလုပ်ငန်းများ (၂)ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ | CHDB မှ တစ်ဆင့် ထုတ်ချေးပါမည်။ | MEB မှ CHDB သို့ ၉%ဖြင့်ထုတ်ချေးပြီး CHDB မှ လုပ်ငန်းရှင်များသို့ ၁၁%ဖြင့် ထုတ်ချေးပါမည်။ | (၃)နှစ်မှ(၅)နှစ် |
MADB - မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ MEB - မြန်မာ့စီးပွားရေးဘဏ်၊ CHDB - ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်
ကဏ္ဍအလိုက် ချေးငွေရယူလိုသူများသည် ချေးငွေရယူလိုသူလုပ်ငန်းရှင်များအတွက် ဘဏ်မှ သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွှတ်သူများဖြစ်ရပါမည်။
ချေးငွေအတွက် အာမခံပစ္စည်းအဖြစ် မရွှေမပြောင်းနိုင်သော ပစ္စည်း၊ ရွှေပြောင်းနိုင်သော ပစ္စည်းများကို ပေးအပ်နိုင်ပါသည်။
အာမခံပစ္စည်း မပေးအပ်နိုင်သူများ၊ အာမခံပစ္စည်းပေးအပ်နိုင်သော်လည်း ချေးငွေအတွက် လုံလောက်မှုမရှိသူများအတွက် ချေးငွေအာမခံအဖွဲ့အစည်းနှင့် ချိတ်ဆက်၍ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါသည်။
ချေးငွေလျှောက်ထားရယူလိုသူလုပ်ငန်းရှင်များသည် နီးစပ်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ဆက်သွယ်စုံစမ်းနို်င်ပါသည်။
ထို့အပြင် SME စီးပွားရေုးလုပ်ငန်းအတွက် ချေးယူနိုင်သည့် JICA လျှောက်လွှာခေါ်ယူခြင်းကိုလည်း ဖော်ပြပေးလိုက်ပါသည်။
အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ JICA SME ချေးငွေရရှိပါက ထုတ်ချေးနိုင်ရန်အတွက် အောက်ပါအချက်အလက်များနှင့်အညီ စတင်လျှောက်ထားနိုင်ပါသည်။
၁။ အနည်းဆုံး လုပ်ငန်းလုပ်သက် ၃ နှစ်နှင့်အထက်ရှိ၍ လည်ပတ်နေသော SME လုပ်ငန်းဖြစ်ရမည်။
၂။ အိမ်ခြံမြေ၊ ကျောက်မျက်ရတနာရောင်းဝယ်ခြင်း၊ ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲဆိုင်ရာ လုပ်ငန်းများ၊ ဆေးလိပ်၊ အရက်၊ ဘီယာလုပ်ငန်း၊ လက်နက်ခဲယမ်း၊ မီးကျောက်လုပ်ငန်းများ၊ လူမှုဆိုင်ရာတည်ငြိမ်မှုကို ထိခိုက်စေသော ကဏ္ဍများနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများအား ခွင့်ပြုထုတ်ချေးပေးမည်မဟုတ်ပါ။
၃။ ချေးငွေအား လုပ်ငန်းသုံးစက်ပစ္စည်းများ ဝယ်ယူရန် (သို့မဟုတ်) လုပ်ငန်းနှင့်ပတ်သက်သော အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရာတွင် အသုံးပြုရမည် ဖြစ်ပါသည်။
၄။ လျှောက်ထားသောချေးငွေများကို JICA စည်းကမ်းချက်များနှင့် SMIDB ၏ ချေးငွေစည်းကမ်းချက်များနှင့် ကိုက်ညီမှသာ စိစစ်ခွင့်ပြုထုတ်ချေးမည် ဖြစ်ပါသည်။
၅။ JICA မှ ခွင့်ပြုပေးသော ချေးငွေပမာဏ အားလုံးမှ ၆၀ ရာခိုင်နှုန်းအား CGI စနစ်ဖြင့် ခွင့်ပြုပေးမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဦးစားပေးထုတ်ချေးပေးမည် ဖြစ်ပါသည်။
၆။ CGI စနစ်ဖြစ်သည့်အတွက် မြန်မာ့အာမခံလုပ်ငန်မှ သတ်မှတ်ထားသော ပရီမီယံကြေးကို ထပ််မံပေးသွင်းရမည်ဖြစ်ပြီး အာမခံပစ္စည်းမပါသည့်စနစ်ဖြစ်သည့်အတွက် ရှေ့အလားအလာကောင်း၍ နိုင်ငံတော်၏ ကုန်ထုတ်ကဏ္ဍတိုးတက်နိုင်ခြေရှိပြီး ဆုံးရှုံးနိုင်ခြေနည်းသော လုပ်ငန်းများကိုသာ ထုတ်ချေးပေးမည်ဖြစ်ပါသည်။
၇။ ချေးငွေလျှောက်ထားရန် လိုအပ်ချက်အသေးစိတ်အား နီးစပ်ရာဘဏ်ခွဲများတွင် စုံစမ်းနိုင်ကြောင်း သိရပါသည်။
ချေးငွေလျှောက်ထားခြင်းအတွက် မည်သည့်တန်စိုးလက်ဆောင်မှ ပေးရန်မလိုကြောင်း သိရပါသည်။
ချေးငွေလျှောက်ထားရန်အတွက် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အမှတ် (၂၉၈)၊ အနော်ရထာလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ (၂) ရပ်ကွက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင် စုံစမ်းနိုင်ပြီး ဖုန်းနံပါတ်မှာ ၀၁- ၂၃၀၂၃၄၀၊ ၀၁- ၂၃၀၂၃၄၁၊ ၀၁- ၂၃၀၂၄၁၉၈ SMIDB ဘဏ်ခွဲများဖြစ်ပါသည်။