မယ်ဇလီကြိုးတံတားသည် အန္တရာယ်ရှိသည့် အခြေအနေရောက်ရှိနေ


03 December, 2020

မယ်ဇလီကြိုးတံတားသည် အန္တရာယ်ရှိသည့် အခြေအနေရောက်ရှိနေပြီဟု စစ်ဆေးတွေ့ရှိသဖြင့် အမြန်အစားထိုးဆောက်လုပ်နေရကြောင်း ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီးမှ ပြောသည်။

မြောင်းမြကြိုးတံတား ကျိုးကျပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ ကြိုးတံတား များ၏ ခံနိုင်ရည်အား နိုင်ငံတကာ ပညာရှင်အဖွဲ့များနှင့် မြန်မာပညာရှင်များ ပူးပေါင်း၍ လိုက်လံစစ်ဆေးလျက်ရှိရာပဏာမတွေ့ရှိချက်အရ မကွေးတိုင်းဒေသကြီးပုသိမ်-မုံရွာလမ်းပေါ်ရှိမယ်ဇလီကြိုးတံတားသည် သံချေးများ လိုက်နေကာ အန္တရာယ်များသည့် အခြေအနေကို စစ်ဆေးတွေ့ရှိရသဖြင့် အမြန်အစားထိုးဆောက်လုပ်နေကြောင်းသိရသည်။
ထိုတံတားအား အမြန်အစားထိုးဆောက်လုပ်နေသည့်အတွက် ယခုယာယီ လမ်းလွှဲတံတားထိုးပြီးပြီဖြစ်ကြောင်း သိရသည်။

အန္တရာယ်ရှိသည့် မယ်ဇလီကြိုးတံတားကိုဖြုတ်၍ ယင်းနေရာတွင် မြေလမ်းသံပေါင်တံတားဆောက်လုပ်ရန်စီစဉ်နေကြောင်း လက်ရှိနိုင်ငံတကာနှင့် မြန်မာပညာရှင်များအဖွဲ့၏ ကြိုးတံတားများ ခံနိုင်မှု

စစ်ဆေးချက်ပဏာမအစီရင်ခံအရ အန္တရာယ်ရှိသည့် တံတားများထဲမှ တံတား အချို့အား ယာဉ်များကုန်တန်ချိန် လျှော့ချဖြတ်သန်းရန်သတိပေးထားကြောင်း သိရသည်။

Region Read 51 times