Melia Yangon သည် မှာ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ရှော့ပင်းစင်တာ Myanmar Plaza ၏ဘေးတွင် မကြာခင်ဖွင့်လှစ်မည့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ဖြစ်ပါသည်။
ဟိုတယ်သည် ရန်ကုန်မြို့၊ အင်းယားကန်ရှေ့၊ ကမ္ဘာအေးဘုရားလမ်းမနှင့် စက်မှု ၁ လမ်းထောင့်တွင် တည်ရှိပါသည်။
ဟိုတယ်အဆောက်အဦးနှင့်အခန်းများ
Meliá ဟိုတယ်အဆောက်အဦးသည် ၂၃ ထပ် အထပ်မြင့်ပြီး ဗီယက်နမ်မှ လာဆောက်ထားသည့် HAGL မြန်မာစင်တာ၏ ပထမအဆင့်တွင် ပါဝင်သည့် အဆောက်အဦးဖြစ်ပါသည်။
ထိုအဆောက်အဦးကို စပိန်နိုင်ငံမှ ဟိုတယ်စီမံခန့်ခွဲရေးကုမ္ပဏီဖြစ်သည့် Meliá Hotels International က စီမံခန့်ခွဲမည်ဖြစ်ပါသည်။ Meliá သည် ကမ္ဘာ့တိုက်ကြီး ၄ တိုက်၊ နိုင်ငံ ၄၃ နိုင်ငံတွင် ဟိုတယ်အလုံူး ၃၇၀ ကျော် ကို စီမံခန့်ခွဲနေသည့် ကုမ္ပဏီတံဆိပ်ဖြစ်ပါသည်။
စီမံခန့်ခွဲရန် သဘောတူညီမှုကို ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် ဗီယက်နမ်ဘက်က ကြေငြာခဲ့ပါသည်။
Meliá တွင် ဟိုတယ်အခန်းစုစုပေါင်း ၄၃၀ ပါဝင်ပြီး အမျိုးအစားအနေဖြင့် ၇ မျိုးပါဝင်ပါသည်။ ထိုအမျိုးအစားများမှာ ၄၈ စတုရန်းမီတာအကျယ် Deluxe, ၅၇ စတုရန်းမီတာအကျယ် Premium, ၄၈ စတုရန်းမီတာအကျယ် Premium Lake View, ၄၈ စတုရန်းမီတာအကျယ် The Level, ၇၀ စတုရန်းမီတာအကျယ် Junior Suite, ၉၂ စတုရန်းမီတာအကျယ် Suite, ၂၁၀ စတုရန်းမီတာအကျယ် Grand Suite နှင့် ၄၁၄ စတုရန်းမီတာအကျယ် Presidential Suite တို့ ပါဝင်ပါသည်။
ထို့နောက် အထပ် ၂၀ မှ ၂၂ ထပ်အထိကို The Level အခန်းများဟုခေါ်ပြီး အထူးသီးသန့် ဝန်ဆောင်မှု ပေးထားပြီး ထိုအခန်းများမှ ပတ်ပတ်လည် paranomic view ကို ခံစားနိုင်ပါသည်။
ထူးခြားမှုအနေဖြင့် Meliá ဟိုတယ်၏ အသေးသုံးူအခန်းအမျိုးအစားသည် ရန်ကုန်ရှိ အခြားဟိုတယ်များ၏ အသေးသုံးအခြေခံအမျိုးအစားများနှင့် ယှဉ်လျှင် အကြီးဆုံးဖြစ်သည်ဟု ဆိုသည်။
အစားအသောက်၊ bar နှင့်ဝန်ဆောင်မှု
ထို့အပြင် စားသောက်ဆိုင် ၃ ဆိုင် ပါဝင်မည်ဖြစ်ပြီး Olea ဟုခေါ်သည့် Mediterranean စားသောက်ဆိုင်တစ်ခု၊ The Lantern ဟုခေါ်သည့် ဗီယက်နမ် စားသောက်ဆိုင်တစ်ခုနှင့် The Market ဟုခေါ်သည့် ဈေးပုံစံရောင်းချသည့် စားသောက်ဆိုင် တစ်ခုပါဝင်မည်ဟုဆိုသည်။
ပထမထပ်တွင် Olea နှင့် The Lantern တို့ ရှိမည်ဖြစ်ပြီး ဒုတိယထပ်တွင် The Market ရှိပါသည်။
Olea စားသောက်ဆိုင်တွင် သူတို့ဒေသ၏ အစားအသောက်ဖြင့် ဝိုင်များကို ဦးစားပေးထားပြီး ဗီယက်နမ် စားသောက်ဆိုင်တွင်မူ မီးအိမ်များဖြင့် အပျံစားအလှဆင် ပြင်ဆင်ထား ကာ ဗီယက်နမ်၏ အကောင်းဆုံး လက်ရာနှင့်် ခံစားမှုများကို ဝန်ဆောငမှုပေးသည်ဟု ဆိုသည်။
Market ပုံစံရောင်းချမည့် စားသောက်ဆိုင်တွင် စားသောက်မည့်စားပွဲခုံပတ်လည်တွင် ပြည်တွင်း ပြည်ပ အစားအသောက်များကို ဆိုင်ခန်းအမျိုးမျိုးဖြင့် ချိတ်ဆွဲထားပြီး လက်ညှိုးထိုးကာ မှာယူနိုင်သည့် ဆိုင်မျိုးဖြစ်ပါသည်။
ထို့အပြင် ဟိုတယ်တို့၏ စံအတိုင်း bar နှင့် ရေကူးကန် များပါရှိပြီး Garbo Bar, Lobby Bar နှင့် Pool Bar တို့ ပါရှိမည်ဖြစ်ပါသည်။
Garbo Bar ကို ဟောလ်လီးဝုဒ်စတိုင် ပြင်ဆင်ထားပြီး နာမည်ကြီး မင်းသမင်းဖြစ်သည့် ဆွီဒင်မှ Greta Garbo ကို မှီငြမ်း၍ နာမည်မှည့်ခေါ်ခြင်းဖြစ်သည်။
မြေညီထပ်တွင် Lobby Bar နှင့် Garbo Bar တို့ရှိပြီး လေးထပ်တွင် ရေကူးကန်နှင့် Pool Bar ရှိပါသည်။ ရေကူးကန်ကို အုန်းပင်လေးများဖြင့်လည်း အလှဆင်ထားပါသည်။
ထို့အပြင် Melia ၏ ထင်ရှားသည့် အမှတ်တံဆိပ်တစ်ခုတစ်သော YHI Spa သည်လည်း ဒုတိယထပ်တွင် ပါရှိပါသည်။
ပွဲများကျင်းပရာအခန်းများ
မင်္ဂလာဆောင်များ၊ ညစာစားပွဲများ၊ ညီလာခံများ အစရှိသည့် ပွဲများပြုလုပ်ရန်အတွက် ballroom နှစ်ခု ပါရှိပြီး တစ်ခုကို Grand Ballroom ဟုခေါ်ကာ နောက်တစ်ခုကို Inya Ballroomဟု ခေါ်ပါသည်။ Grand Ballroom က ၉၈၈ စတုရန်းမီတာကျယ်ပြီး လူ ၁၂၀၀ ဆန့်ကာ ဒုတိယထပ်တွင် တည်ရှိပါသည်။
လူနည်းပါက တစ်ဝက်ခွဲ၍ ပွဲလုပ်ပေးကြောင်းသိရသည်။ နောက် Inya Ballroom သည် ၃၆၀ စတုရန်းမီတာကျယ်ပြီး ပထမထပ်တွင် တည်ရှိကာ လူအယောက် ၃၀၀ ဆန့်သည်ဟုဆိုသည်။
ထို့အပြင် အလုပ်အကိုင်များအတွက် အဆင်ပြေရန် meeting room (၇) ခုလည်း ပါဝင်ပါသည်။