Merchant Suite Condominium


27 October, 2020

ထိုစီမံကိန်းကို အမှတ် ၃၄၆၊၄၉လမ်းနှင့် ကုန်သည်လမ်းထောင့် ၊ဗိုလ်တထောင်မြို့နယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို မြေ ဝ.၁၅ဧကပေါ်တွင်၂၀၁၅ ခုနှစ်၊ဇန်နဝါရီလမှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊နှစ်လယ်ပိုင်းလောက်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

ကွန်ဒို၏ ကြမ်းခင်းဧရိယာမှာ ၁၁၀၀၀၀ စတုရန်းပေခန့်ရှိပြီး Naing Groupမှ ဦးဆောင် ဆောက်လုပ်လျှက်ရှိကြောင်းသိရပါသည်။

ယင်းစီမံကိန်းတွင် Geo-Tech Pile မှ ကိုယ်ပိုင် Sany အမှတ်တံဆိပ်စက်များဖြင့် Pie စိုက်ပေးပြီး G3 Group မှ Mechanical and Electrical ဒီဇိုင်းရေးဆွဲပေးကြောင်းသိရသည်။

ထိုကွန်ဒိုတွင် အထပ်ပေါင်း ၁၇ထပ်နှင့် basement ၂ထပ်ပါဝင်ပြီးအခန်းပေါင်း ၃၇ခန်းပါဝင်ကြောင်းသိရသည်။

Basement ၂ထပ်နှင့် ပထမထပ်တွင် ကားပါကင်ပါဝင်ပြီး မြေညီထပ်တွင် ရုံးခန်းများ၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းများအတွက် တစ်လွှာလုံးအပြတ်ရောင်းချ မည် ဟုသိရသည်။

ယင်းကွန်ဒို၏ ရေကူးကန်၊အားကစားခန်းမများအစရှိသော facilities များကို အပေါ်ဆုံးထပ်တွင် ထားရှိမည်ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်း၏ အခန်းအကျယ်အဝန်းမှာ ၄၀၀၀စတုရန်းပေကျော်ရှိပြီး စတုရန်းတစ်ပေလျှင် ၂သိန်းခွဲမှ ၂သိန်း၈သောင်းထိ ကျသင့်မည်ဟုသိရသည်။

ငွေပေးချေမှုမှာ ၄၅ ရာခိုင်းနှုန်းအရင်ပေးချေရမည်ဖြစ်ပြီး ကျန် ၅၅ ရာခိုင်နှုန်းကို ၁နှစ်ခွဲထိ အရစ်ကျ ပေးချေရမည်ဟုသိရသည်။

Source:Naing Group Capital

Residential Read 64 times