Min Residences


26 October, 2020

Min Residences သည် လူနေအသားပေး စီမံကိန်းဖြစ်ပြီး မင်းဓမ္မလမ်း မရမ်းကုန်းမြို့နယ်ရှိ မြေဧက ၃.၂ ဧကပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပါသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှု

ထိုစီမံကိန်းကို စင်္ကာပူမှ Oxley Holdings က developer အဖြစ် နှင့် မြန်မာပြည်မှ Mottoma Holding က မြေပိုင်ရှင်အဖြစ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ထိုမြေနေရာကို ဒေါ်လာ ၅၈.၉ သန်း တန်ဖိုးဖြတ်၍ မြေပေါ်တွင် စီမံကိန်းတည်ဆောက်ခွင့်ရဖို့ နှင့် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ကုမ္ပဏီ ၂ ခု  သဘောတူညီမှု ရရှိခဲ့ပါသည်။

ထို့အပြင် စင်္ကာပူဘက်မှ ဆောက်လုပ်ကြေး ကုမ္ပဏီငှားရမ်းကြေး ပစ္စည်းငှားရမ်းသည့် စသည့် ကုန်ကျစရိတ် များကိုလည်း ကျခံရမှာဖြစ်ပါသည်။

ထိုစီမံကိန်းကို ဆောက်လုပ်ရန်အတွက် တရုတ်မှ Sino Great Wall ကုမ္ပဏီကို ငှားရမ်းမည်ဖြစ်ပြီး ဒေါ်လာ သန်း ၁၂၀ တန် ဆောက်လုပ်ရေးစာချုပ်ကို Sino Great Wall အား ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ပေးအပ်ခဲ့ပါသည်။

တိုက်ခန်းရောင်းရငွေမှာ ရလာသည့် အကျိုးအမြတ်ကို  မြေအသုံးပြုခ ဒေါ်လာ ၅၈.၉ သန်း နှုတ်ပြီးသောအခါတွင် မြေရှင် နှင့် developer ကုမ္ပဏီ ၂ ခုကြား တစ်ဝက်တစ်ဝက် ခွဲယူမည်ဟု သိရ့ပါသည်။

 

အဆောက်အဦးနှင့် ဒီဇိုင်း

စုစုပေါင်း ကြမ်းခင်းဧရိယာစတုရန်းမီတာ ၁၂၀,၀၀၀ ရှိသည့် ဤစီမံကိန်းတွင် ၂၃ ထပ်မြင့် တာဝါ ၃ ခုပါရှိပြီး အောက်အလွှာများတွင် ရုံးခန်းနေရာနှင့် ဆိုင်ခန်းနေရာများ ပါရှိပါသည်။

ဆောက်လုပ်ရေးကာလ ၃ နှစ်ကြာမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပါသည်။

အောက်အလွှာ ၃ ထပ်တွင် ရုံးခန်း၊ ဆိုင်ခန်းများ ပါရှိပြီး လေးလွှာမှစ၍ အပေါ်ဆုံးထပ်မှာ လူနေတိုက်ခန်းများ ဖြစ်ပါသည်။

လေးလွှာတွင် လူနေခန်းများအပြင် ကွန်ဒိုအဆောင်အယောင်များ ဖြစ်သည့် ရေကူးကန်များ၊ အားကစားခန်းမများ၊ ကစားကွင်းနှင့် ပန်းခြံတို့ ပါဝင်မည်ဖြစ်သည်။

လူနေတိုက်ခန်း စုစုပေါင်း ၆၁၄ ခန်းပါရှိပြီး အခန်းအကျယ်အဝန်းမှာ ၆၀၀ စတုရန်းပေမှ ၁၄၀၀ စတုရန်းပေအထိ အစားစားရှိသည်ဟု သိရသည်။

ထိုအဆောက်အဦး၏ ဗိသုကာဒီဇိုင်းကို စင်္ကာပူမှ a+p group မှ ရေးဆွဲပေးထားပြီး အခန်းတွင်းအပြင်အဆင် ဒီဇိုင်းကို စင်္ကာပူမှ Ciseern မှ ပြုလုပ်ပေးထားပါသည်။

Company Country of Origin Role
Oxley Myanmar Singapore Developer
Mottama Holdings Myanmar Land owner/stake holder
Sino Great Wall China Main contractor
a+p group Singapore Architect
Ciseern Myanmar Interior decoration
Audax Visuals Singapore Rendering visuals and 3d model
Gold Horizon Engineering & Services Myanmar Supply, installation, testing for electrical distribution

ထို့အပြင် Cissern မှ ပင် ထိုစီမံကိန်းလူနေတိုက်ခန်းများ၏ show flat အပြင်အဆင်များကိုလည်း မြန်မာနိုင်ငံတွင် ကိုယ်တိုင်လာရောက် ပြုလုပ်ပေးထားပါသည်။

3D render ဒီဇိုင်းနှင့် ပုံတူ model အား စင်္ကာပူမှ Audax Visuals က ပြုလုပ်ပေးထားပြီး show flat ထဲတွင် ပြသထားပါသည်။

 

Pricing and sales model

အရောင်းကို ၂၀၁၆ ခုနှစ် တွင် ဖွင့်လှစ်မည်ဟု Oxley ၏ SGX ၌သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

Pricing အတိအကျထွက်ရှိထုတ်ပြန်ထားခြင်း မရှိသေးပဲ ဈေးကွက်အရ ချိန်ကိုက်ကာ အလယ်အလတ် ဈေးနှုန်းဖြစ်မည်ဟု သိရသည်။  အရစ်ကျငွေပေးချေမှုစနစ် ပါမည်ဟုလည်း ဆိုသည်။

Mixed Use and Urban Read 68 times