Mindhama Project


27 October, 2020

Mindhama Project စီမံကိန်းကို တော်ဝင်လမ်းနှင့်မင်းဓမ္မလမ်းထောင့် မရမ်းကုန်းမြို့နယ်တွင် တည်ဆောက်လျှက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ကို မြို့ပြစီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အနေဖြင့် ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ) စီမံကိန်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု သိရသည်။

ထိုစီမံကိန်းကို မြေဧက ၃၆ ဧကကျော်ပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပိုင်ဆိုင်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် အဆင့်မြင့် ဟိုတယ်အဆောက်အအုံတစ်လုံး၊ ရုံးခန်းအဆောက်အုံ လေးလုံး၊ Service Appartments အဆောက်အအုံ ခုနှစ်လုံး၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ အီလက်ထရွန်နစ်နှင့် ကုန်သွယ်ရေးစင်တာများနှင့် ငါးထပ်ပါရှိသော ဈေးဝယ်စင်တာများအစရှိသည့် စီးပွားရေးအဆောက်အအုံ များ ပါဝင်မည် ဟုသိရသည်။

ရန်ကုန်မြို့တွင် ပထမဦးဆုံး Integrated Mixed Development အဖြစ်အကောင်အထည်ဖော်မည်ဖြစ်ပြီး ကွန်ဗင်းရှင်းစင်တာအသစ်ကိုလည်း ပါဝင်တည်ဆောက်သွားမည်ဖြစ်သည်။

ထိုစီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပထမမြန်မာဆောက်လုပ်ရေးကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှလည်း ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် ပါဝင်သောကွန်ဗင်းရှင်းစင်တာဆောက်လုပ်ရန်အတွက် မြေတိုင်းတာခြင်း၊ မြေနေရာသတ်မှတ်ခြင်း၊ မြေသားစမ်းသပ်ခြင်း၊ မြေအောက်ယာဉ်ရပ်နားရန်နေရာ သုံးနေရာအတွက် မြေသားတူးဖော်ခြင်း နှင့် ပိုင်ဝန်အားခံနိုင်မှုစမ်းသပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးနေပြီ ဟုသိရသည်။

ထိုကွန်ဗင်းရှင်းစင်တာ၏ ဒီဇိုင်းမှာလဲ ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ဘိုးပိုင်လုပ်ငန်းများအားဆောင်ရွက်ရန်ပြင်ဆင် ထားပြီး ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် ပြည်သူများအတွက် အသိပညာ ပိုမိုတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း များစွာပေါ်ပေါက်လာစေရန် IT Trade Center ကိုလဲထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Source:Kyeemon

Mixed Use and Urban Read 71 times