လှိုင်မြို့နယ် ဘုရင့်နောင်အိမ်ရာကို စံပြအဆင့်မြင့်အိမ်ရာ ပြန်ဆောက်မည်


02 November, 2020

ရန်ကုန်မြို့တွင်ကန်ထရိုက်စနစ်ဖြင့်ပထမဆုံးဆောက်လုပ်ခဲ့သောလှိုင်မြို့နယ် ၂ ရပ်ကွက်နှင့် ၃ ရပ်ကွက်ရှိဘုရင့်နောင်အိမ်ရာ ၁၂ ခန်းတွဲနှစ်ထပ်တိုက်(တစ်ခန်းလျှင် ၁၃ ပေx ပေ၅၀ရှိ) များသည် သက်တမ်းနှစ် ၃၀ နီးပါးရှိပြီဖြစ်ကြောင်းသိရသည်။

စဆောက်လုပ်ခဲ့စဉ်တည်းကအရည်အသွေးမကောင်းသောကြောင့်အချို့တိုက်များမှာအိမ်ရှေ့ဝန်တာပြိုကျခဲ့သောကြောင့် မြို့တော်စည်ပင်မှအန္တရာယ်ရှိအဆောက်အအုံဆိုင်းဘုတ်လာချိတ်ခြင်းများရှိခဲ့ကြောင်းသိရသည်။

ထို့ကြောင့်ယင်းတိုက်ခန်းများအားအသစ်ပြန်လည်ဆောက်လုပ်သင့်ကြောင်းလွှတ်တော်ကိုယ်စားလှယ်များ ပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင်ရပ်ကွက်ပြည်သူများကတင်ပြခဲ့ကြောင်းသိရသည်။

လွှတ်တော်ကိုယ်စားလှယ်များကမြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူများနှင့်ဆွေးနွေးညှိနှိုင်းသဘောတူညီချက်အရလှိုင်မြို့နယ်ဘုရင့်နောင်အိမ်ရာကိုအဆင့်မြင့်စံပြအိမ်ရာအဖြစ်ပြန်လည်တည်ဆောက်ရန်ဆွေး နွေးခဲ့ကြောင်းသိရသည်။

ယင်းအိမ်ရာများကိုဆောက်လုပ်ရန်တင်ဒါခေါ်ယူပြီးစံပြအဆင့်မြင့်အိမ်ရာဖြစ်အောင်ဆောက်လုပ်မည် ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်သည့်အခါတွင် Pre cast စနစ်ဖြင့်ဆောက်လုပ်မည်ဖြစ်ပြီး အိုအိမ်မှ ၅၀ ရာခိုင်နှုန်းနှင့် Developer မှ ၅၀ ရာခိုင်နှုန်းယူမည်ဖြစ်ကြောင်းလဲသိရသည်။

အိုးအိမ်မှရသည့်အခန်းများကိုလက်ရှိအိမ်ရှင်များကိုပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အခန်းများကိုစတုရန်းပေ ၁၀၀၀ ခန်းများဆောက်လုပ်မည်ဖြစ်ပြီး ကားပါကင်၊ ပန်းခြံ၊ မြက်ခင်းလှများလည်း ပါဝင်ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ချိန်ကာလကိုတစ်နှစ်(သို့မဟုတ်)တစ်နှစ်ခွဲသာအချိန်ယူဆောက်လုပ်သွားမည်ဖြစ်ပြီးဆောက်လုပ်စဉ်အတွင်းပြောင်းရွှေ့စရိတ်ကိုလည်းပြန်လည်ရရှိအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလွှတ်တေ်ာကိုယ်စားလှယ်များကပြောကြားကြောင်းသိရသည်။

Source:Pyimyanmar journal

Residential Read 95 times