Mon Ywa water amusement park


26 October, 2020

ရေကမ္ဘာအပန်းဖြေစခန်း (Mon Ywa water amusement park) ကို မုံရွာမြို့၏ အရှေ့ဘက် ပြည်ထောင်စုလမ်း အမှတ် (၂)၊ လယ်တီရပ်ကွက်အတွင်းတွင် ရေကမ္ဘာအပန်းဖြေ ဥယျာဉ်၊ ဟိုတယ်နှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်းများဖြင့် တည်ဆောက်သွားမှာဖြစ်ကြောင်း သိရသည်။

ရေကမ္ဘာအပန်းဖြေစခန်း ကို စည်ပင်သာယာရေးအဖွဲ့ပိုင်သော မြေ ၁၇ ဧက ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီနှင့် အကျိုးတူဆောင်ရွက်မည်ဟု သိရှိပါသည်။

တိုင်းအစိုးရအဖွဲ့နှင့် United Machinery Group (UMG) ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့်  Media One ကုမ္ပဏီ တို့ ပူးပေါင်းပြီး အပိုင်းနှစ်ပိုင်းခွဲ၍ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ဤစီမံကိန်းကို စစ်ကိုင်းတိုင်းလွှတ်တော်က ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုအသေးစိတ်

မြေငှားရမ်းမှု သက်တမ်းစာချုပ်မှာ ပထမဆုံး၃၅ နှစ် ချုပ်ဆိုမည်ဖြစ်ပြီး  ၅နှစ်တစ်ကြိမ် သက်တမ်း ၃ သုံးကြိမ်တိုးနိုင်ပါသည်။

တည်ဆောက်မည့်ကာလမှာ ၂ နှစ်သတ်မှတ်ထားပြီး မြေပရီမီယံကြေးအဖြစ် တစ်ဧကလျှင် ကျပ် ၅၀,၀၀၀၊ မြေငှားခအဖြစ် တစ်ဧကကို တစ်နှစ်လျှင် ကျပ်နှစ်သောင်းနှုန်း သတ်မှတ်ထားပါသည်။

ပထမအဆင့်

ပထမအဆင့်လျာထားသော စီမံကိန်းတွင် မြေ ၅.၅ ဧကပေါ်တွင် ရေကမ္ဘာအပန်းဖြေဥယျာဉ်၊ မြေ ၁ ဧကပေါ် တွင် ဟိုတယ်၊ မြေ ၁.၅ ဧကပေါ် တွင် ရေလျောင်ကန်၊ မြေ ၁ ဧကပေါ် တွင် ပြည်သူများ အခမဲ့ အပန်းဖြေနေရာတို့ကို တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ရေကမ္ဘာအပန်းဖြေ ဥယျာဉ်ကို နိုင်ငံတကာအဆင့်မီ ဥယျာဉ်ပုံစံမျိုးဖြင့် ပြည်သူများအပန်းဖြေစေရန်နှင့် လွတ်လပ်စွာ အနားယူနိုင်အောင် ရွည်ရွယ်၍ တည်ဆောက်မည်ဖြစ်သည်။

ရေကမ္ဘာအပန်းဖြေဥယျာဉ် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅ သန်းဖြစ်ပါသည်။ တည်ဆောက်ပြီးသွားလျှင် ဝင်ကြေးတစ်ခုသတ်မှတ်မည်ဖြစ်ပြီး တစ်ယောက် ၁၀,၀၀၀ ကျပ် ဖြင့် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်မည်ဟု လျာထားပါသည်။

ရေကမ္ဘာအပန်းဖြေ ဥယျာဉ်ကို နိုင်ငံတကာအဆင့်မီ ဥယျာဉ်ပုံစံမျိုးဖြင့် ပြည်သူများအပန်းဖြေစေရန်နှင့် လွတ်လပ်စွာ အနားယူနိုင်အောင် ရွည်ရွယ်၍ တည်ဆောက်မည်ဖြစ်သည်။

ဟိုတယ်ကို နှစ် ၅၀ မြေငှားရမ်းပြီး ဟိုတယ်စီမံကိန်း ရင်းနှီးမြှုပ်နှံမှု မတည်ငွေသည် အမေရိကန်ဒေါ်လာ ၂ သန်းဖြစ်သည်။

ဟိုတယ်၏ အဆောက်အဦးသည် ၆ ထပ်ဖြစ်ပြီး အခန်းပေါင်း ၁၀၄ ခန်းပါဝင်ပါသည်။

 ထို့အပြင် ဟိုတယ်တွင် ခန်းမကျယ်၊ အလှပြင်ခန်းမ၊ စားသောက်ဆိုင်နှင့် အားကစားခန်းမ တို့ လည်း ပါဝင်မည်ဖြစ်သည်။

ဒုတိယအဆင့်

ဒုတိယအဆင့်လျာထားသော စီမံကိန်းတွင် မြေ ၆ ဧကပေါ်တွင် တန်ဖိုးသင့်မျှတအိမ်ရာစီမံကိန်းကို ဆောင်ရွက်မည်ဖြစ်သည်။

အိမ်ရာတွင် ၄ ခန်းတွဲ ၅ ထပ် အဆောက်အအုံ ၁၇ လုံး ဆောက်လုပ်မည်ဖြစ်ပြီး လူနေတိုက်ခန်း စုစုပေါင်း ၃၄၀ ခန်းနှင့် ကားရပ်နားရန်နေရာများ ပါဝင်မည်ဟုသိရသည်။

တန်ဖိုးသင့်အိမ်ရာကို အမေရိကန်ဒေါ်လာ ၁၀ သန်း အကုန်အကျခံတည်ဆောက်မည်ဖြစ်ပြီး အခန်းများ အပြတ်ရောင်းချမည်ဖြစ်သောကြောင့် မြေငှားရမ်းခမပေးဆောင်ရန်မလိုပေ။

စည်ပင်နှင့် ကုမ္ပဏီမှ ကြမ်းခင်းဧရိယာ ၈၀း၂၀၊ ၇၀း၃၀ စသည့် အချိုးအရ အထပ်များနှင့် အခန်းများကို ခွဲဝေ၍ နှစ်ဖက်စလုံးမှ ရောင်းချခြင်း၊ ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။

မိုးတွင်းတွင် အပြင်မှရေများကို ကစားကွင်းသို့မဝင်အောင် ရေသွယ်မြောင်းစနစ်ထားရှိမည်ဖြစ်သည်။

အစိုးရမှ ကောက်ခံသော ရေ၊ မီး၊ သန့်ရှင်းရေးနှင့် အခြားအခွန်အခများကိုသာ ပေးဆောင်ရမည်ဖြစ်သည်။

Source: 7day Daily, Ministry of Information, Democracy Today, Myanma Alinn Daily, Myawady

Mixed Use and Urban Read 60 times