ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကို ဖွံ့ဖြိုးတိုးတက်စေမည့် ကိုးရီးယားမြန်မာချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရေးစီမံကိန်းကို စတင်တော့မည်ဖြစ်ပြီး မြေသားစမ်းသပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
မြေသားခံနိုင်ဝန်စမ်းသပ်ခြင်းလုပ်ငန်းဖြစ်သည့် ရန်ကုန်ဘက်ခြမ်းဖြစ်သော ဘုန်းကြီးလမ်းတစ်လျှောက်ကို လည်းကောင်း၊ကမ်းနားလမ်းဘယ်ဘက်အခြမ်းနှင့် ညာဘက်အခြမ်းကို လည်းကောင်း၊
ဒလဘက်အခြမ်း ဖြစ်သော ကမာကဆင့်ရပ်ကွက်ရှိ လှေဆိပ်ထိပ်မှ နာရီစင်အဝိုင်းအထိကိုလည်းကောင်း၊မြစ်အတွင်းနှင့် ကမ်းစပ်တစ်ဖက်စီအတွက်လည်းကောင်း ပွိုင့်စုစုပေါင်း၆၄(Bore Hole)တွင်းအတွက်
မြေသားစမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားခြင်းဖြစ်ပြီး ပွိုင့်၁(Bore Hole)တွင်း၏အနက်မှာ မီတာ ရဝဝန်းကျင် စီရှိကာ ပွိုင့် အကျယ်မှာ မီလိမီတာ ၁ဝဝ စီရှိကြောင်း သိရသည်။
မြေသားစမ်းသပ်ခြင်း (Soil Test)လုပ်ငန်းလုပ်ဆောင်နေသည့် Suntac Technologies ကုမ္ပဏီလီမိတက် Operation မန်နေဂျာမှ မြေသားစမ်းသပ်ခြင်း(Soil Test)လုပ်ငန်းကို
ဇူလိုင်လကုန်လောက်ဆောင်ရွက်ပြီးစီးနိုင် ရန်မျှော်မှန်းခဲ့ပြီး အခြားအခက်အခဲများနှင့် ရာသီဥတုအခြေအနေအရ လုပ်ငန်းဆောင်ရွက်ရာတွင်ခက်ခဲမှုများရှိနေသောကြောင့် စက်တင်ဘာ ၆ရက်တွင်ဆောင်ရွက် ပြီးစီးသွားခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ဒလတံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်ဘက်ခြမ်းသာမက ဒလဘက်ခြမ်းတွင်ပါဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးပါ အဆင်ပြေလာနိုင်ကြောင်း၊
လမ်းအသုံးပြုသူများအဆင်ပြေစေရန် ဆောင်ရွက်နေသော ကိုရီးယား-မြန်မာချစ်ကြည်ရေး တံတား(ဒလ) တည်ဆောက်ရန်အတွက် ပြီးခဲ့့သည့် ဧပြီလနောက်ဆုံးပတ်တွင်
မြေသားစမ်းသပ်ခြင်း(Soil Test)လုပ်ငန်းများ ကိုစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား(ဒလ) တည်ဆောက်ရေးစီမံကိန်းမှ သိရသည်။
Source:The Mirror