မြို့ငါးမြို့တွင်တန်ဖိုးနည်းအိမ်ရာများမှအခန်းပေါင်း ၁၀၀၀ ကျော်ဖော်ထုတ်ပေးမည်


28 October, 2020

မြို့ငါးမြို့တွင်တန်ဖိုးနည်းအိမ်ရာများမှစုစုပေါင်းအခန်းအရေအတွက်၁၀၀၀ကျော်ကို ၂၀၁၇ အတွင်းအပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှသတင်းရရှိကြောင်းသိရသည်။

 

အိမ်ခန်းရောင်းချသွားသည့်အခါတွင် ဝင်ငွေနည်းပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်း၊ ပင်စင်စားများကို ဦးစားပေးစနစ်နဲ့ရောင်းပေးမည်ဟုေ ဆာက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ပြောကြားသည်။

အိမ်ရာအသစ်များ တည်ဆောက်ခြင်းနှင့်အတူ ရှိနှင့်ပြီးသား အိမ်ရာအဟောင်းများကိုပါ အဆင့်မြှင့်တင်ခြင်းများပြုလုပ်မည်ဟုသိရသည်။
ပြည်သူများအိမ်ရာ ပိုင်ဆိုင်နိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ်ရာအပေါင်ချေးငွေစနစ်ဖြင့် ရှစ်နှစ်မှ ၁၀နှစ်အထိ ဝယ်ယူနိုင်အောင် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။

နေပြည်တော်တွင် အိမ်ခန်း ၈၀၊ ရန်ကုန်မြို့တွင် အိမ်ခန်း ၈,၇၁၂၊ မုံရွာမြို့တွင် အိမ်ခန်း ၄၄၀၊ မကွေးမြို့တွင် အိမ်ခန်း ၃၀၄၊ ပုသိမ်မြို့ တွင် အိမ်ခန်း ၆၇၆ စုစုပေါင်း ၁၀,၂၁၂ ခန်း ယခုနှစ်တွင်ဆောက်လုပ်မည် ဖြစ်သည်။

Source:imyanmarhouse

Local Region Public Housing Read 58 times