မန္တလေးတွင်နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ အခန်းပေါင်း ၁၅၀၀ကျော် တည်ဆောက်မည်


03 November, 2020

မန္တလေးတိုင်းဒေသကြီးတွင်နိုင်ငံ့ဝန်ထမ်းများနှင့်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဟောင်းများအတွက်ရည်ရွယ်ပြီး ဝန်ထမ်းအိမ်ရာနှင့်အငှားအိမ်ရာအခန်းပေါင်း၁၅၀၀ကျော်ကိုဆောက်လုပ်သွားမည်ဖြစ်ကြောင်းတိုင်းဒေသ ကြီးဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမှပြောကြားခဲ့ကြောင်းသိရသည်။

ထိုစီမံကိန်းအားမန္တလေးတောင်အရှေ့ဖက်ပုသိမ်ကြီးမြို့နယ်ရှိမဲကင်းကုန်းကျေးရွာအနီးတွင်ဆောက်လုပ်မည် ဖြစ်ပြီးမြေဧက ၃၃ဒသမ၂၂ဧကအကျယ်ပေါ်တွင်တည်ဆောက်မည်ဖြစ်ကြောင်း၊အိမ်ခန်းပေါင်၁၅၅၂ခန်းပါဝင် မည်ဖြစ်ပြီးတည်ဆောက်ရေးလုပ်ငန်းကို၂၀၁၈ခုနှစ်၊မတ်လအတွင်းအပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရ သည်။

ထိုစီမံကိန်းသည်နိုင်ငံတော်အဆင့်စီမံကိန်းဆောင်ရွက်ဖြစ်ပြီးနိုင်ငံဝန်ထမ်းအငြိမ်းစားများကိုအဓိကထားဆောင်ရွက်ခြင်း၊အငှားအိမ်ရာနှင့်အရောင်းအိမ်ရာနှစ်မျိုးပါမည်ဖြစ်ကြောင်း၊

ဝန်ထမ်းအပျို၊လူပျိုဆောင်များလည်းပါ ကြောင်း၊အရောင်းအတွက်အရစ်ကျဝယ်ယူနိုင်သောစနစ်ပါကြောင်း၊အငြိမ်းစားများအတွက်အရောင်းအိမ်ရာ အငှားအိမ်ရာမှာဝန်ထမ်းများအတွက်ဖြစ်ကြောင်းသိရသည်။

အိမ်ရာစီမံကိန်းအားစီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာနငွေဖြင့်ဆောင်ရွက်လုပ်ကိုင်မည်ဖြစ်ပြီးတိုင်းဒေသကြီး ဘက်မှမြေနေရာရှာပေးရခြင်းဖြစ်ပြီးကျပ်ငွေ၁၀ဘီလျံကုန်ကျမည်ဖြစ်ကြောင်း၊ယခုလက်ရှိမြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှတည်ဆောက်ရေးလုပ်ငန်းများကိုတာဝန်ယူလုပ်ဆောင်မည်ဖြစ် ကြောင်းသိရသည်။

လေးခန်းတွဲငါးထပ်ဆွဲထားပြီးရသည့်မြေနေရာပေါ်မူတည်ပြီး၈ခန်းတွဲ၁၀ထပ်ဖြစ်သွားကြောင်း၊အငြိမ်းစား ဝန်ထမ်းများအတွက်အထပ်မြင့်လျှင်အဆင်မပြေသဖြင့်ဓာတ်လှေကားပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အရောင်းအိမ်ရာအတွက်အကျယ်၄၀၀စတုရန်းပေကိုကျပ်သိန်း၉၀၊၅၀၀စတုရန်းပေအား၁၁၅သိန်း၊၆၀၀စတုရန်းပေအားကျပ်သိန်း၁၄၀၊၇၅၀စတုရန်းပေအားကျပ်သိန်း၁၇၀၊၉၀၀စတုရန်းပေအားကျပ်သိန်း၂၀၀ဖြင့်ဈေးနှုန်း သတ်မှတ်ထားပြီးအရစ်ကျစနစ်အားနှစ်အလိုက်၅နှစ်၊၈နှစ်၊၁၀နှစ်၊၁၂နှစ်၊၁၅နှစ်သတ်မှတ်ထားကြောင်းသိရ သည်။

တိုင်းဒေသကြီးမြို့မြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှယခုဘဏ္ဍာနှစ်တွင်အခန်းပေါင်း၁၀၀၀၀ကျော်ပါဝင်သည့်အိမ်ရာစီမံကိန်းတစ်ခုအားဆက်လက်ဖော်ဆောင်မည်ဖြစ်ပြီးမြေနေရာအသုံးပြုခွင့်အတွက်တိုင်းအစိုးရထံတင်ပြထားပြီးခွင့်ပြုရန်ပုံငွေနှင့်လုပ်ကိုင်ခွင့်သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကရရှိထားပြီးဖြစ်ကြောင်းသိရ သည်။

Myanmar Time

Public Housing Read 87 times