လှိုင်သာယာမြို့နယ်အတွင်းရှိစက်မှုဇုန်များအတွင်းလာမည့်ခြောက်လအတွင်းနိုင်ငံခြားသားပိုင် စက်ရုံအသစ် ၂၀ ကျော်ထပ်မံဖွင့်လှစ်မည်ြဖ်စကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး မှပြောကြားသည်။
တရုတ်၊ထိုင်ဝမ်နှင့် ကိုရီးယားလုပ်ငန်းရှင်မျာကလာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဖြစ်ကာအထည်ချုပ် လုပ်ငန်းများ အများဆုံးပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ရင်းနှီးမြုပ်နှံမှုကော်ရှင်ကိုတင်ပြထားသည့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစာရင်းအရ ဒီနှစ်မကုန်ခင်တွင်လှိုင်သာယာစက်မှုဇုန်တွင် စက်ရုံ ၂၀ မှ၂၅ ရုံအထိထပ်မံဖွင့်မည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းနှင့်အခြားလုပ်ငန်းများပါဝင်ကြောင်းသိရသည်။
စက်ရုံအသစ်များထပ်မံတိုးခဲျ့ဖွင့်လှစ်မည်ဆိုသော်လည်းလှိုင်သာယာစက်မှုဇုန်အတွင်းလျှပ်စစ်မီးပြည့်ဝစွာမရရှိခြင်း၊ ကျူးကျော်နေထိုင်သူများရှိနေခြင်း၊ စက်ရုံများရှိလုပ်သားများမအကြာခဏဆန္ဒထုတ်ဖော်မှုများကြောင့် ပြည်ပမှရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြုပ်နှံရန်အဟန့်အတားဖြစ်စေကြောင်းသိရသည်။
လှိုင်သာယာမြို့နယ်အတွင်းစက်မှုဇုန် ၁၂ ဇုန်ရှိပြီး စက်ရုံပေါင်းတစ်ထောင်ကျော်ရှိကြောင်း၊ အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ သတ္တုနှင့်ဓာတုဗေဒလုပ်ငန်းနှင့် အထွေထွေလုပ်ငန်းများရှိကာ တရားဝင်မှတ်ပုံတင်ထားသောအလုပ်သမားနှင့်အခြားအလုပ်သမားစုစုပေါင်းနှစ်သိန်းကျော်ရှိကြောင်းသိရသည်။
Pyimyanmar journal