မန္တလေးမြို့တွင် ဟိုတယ်အလုံးရေ ၃၀ ကျော်ထပ်မံဆောက်လုပ်မည်


27 October, 2020

နိုင်ငံတကာခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနေပြီဖြစ်သည့် မန္တလေးမြို့တွင် ဟိုတယ်အလုံး ၃၀ ကျော်ထပ်မံအသစ်ဆောက်လုပ်မည်ဖြစ်သောကြောင့် ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် မန္တလေးမြို့တွင် ဟိုတယ်အလုံးပေါင်း ၂၂၀ ကျော်အထိရှိလာမည်ဖြစ်ကြောင်းသိရသည်။

အသစ်ဆောက်လုပ်မည့် ဟိုတယ်အတွက် ဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ ကိုက်ညီမှုရှိမရှိကို စစ်ဆေးလျက်ရှိပြီဒ မီးငြှိမ်းသတ်ကိရိယာများ၊ အချက်ပေးစနစ်များ၊ အရေးပေါ်ထွက်ပေါက်ပိုင်းနှင့် ပတ်သက်၍ အဆောက်အဦးဒီဇိုင်းပုံစံကို မိးသတ်ဦးစီးဌာနမှ စစ်ဆေးအကြံပြုမည်ဟု သိရသည်။

လက်ရှိမန္တလေးမြို့တွင် ဟိုတယ်အလုံးရေ ၁၈၉ လုံး၊ အခန်းအားဖြင့် ၇၅၅၇ ခန်းအထိရှိရာ ၂၀၁၆ ခုနှစ်တွင် ဟိုတယ်အခန်းအရေအတွက် အားလုံး၏ ၅၁ ရာခိုင်နှုန်းအထိ ကမ္ဘာ့လှည့်ခရီးသည်တွေ တည်းခိုမှုရှိခဲ့သည်ကို တွေ့ရသည်။

ထို့ကြောင့် အခန်းမလုံလောက်တာမျိုးတွေမဖြစ်တော့ဘဲ ဝန်ဆောင်မှုပိုင်းမှာလည်း အပြိုင်အဆိုင် များလာသောကြောင့် ခရီးသည်များအတွက်ပါ အကျိုးရှိစေပါသည်။

ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားမှုများပြားသော ရှေးဟောင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ မင်းကွန်းနှင့် အမရပူရတို့တွင် ခရီးသွားလုပ်ငန်း ရေရှည်ဖွံဖြိုးတိုးတက်ရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ေးအတွက် အီတလီနိုင်ငံ၊ Flourence University မှကူညီရေးဆွဲပေးထားသည့် စီမံကိန်းအတိုင်း ဆောင်ရွက်လျက်ရှိပြီး၂၀၁၆ ခုနှစ်တွင် မန္တလေးမြို့သို့ ကမ္ဘာလှည့်ခရီးသည် လေးသိန်းဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Source:Democracy today

Hospitality Read 82 times