ရတနာနှင်းဆီ အိမ်ရာစီမံကိန်းအတွက် အိမ်ရာချေးငွေစနစ်


08 November, 2020

အိမ်ရာချေးငွေအတွက် သတ်မှတ်ချက်များ

(၁)ကာလ  = (၈၊၁ဝ၊၁၂၊၁၅-နှစ်)(လစဉ်)

(၂)အတိုးနှုန်း  =တစ်နှစ်လျှင် (၁၂ရာခိုင်နှုန်း)

တစ်နှစ်လျှင်(၁၁ရာခိုင်နှုန်း)(Early Bird Only)

(၃)ဘဏ်ဝန်ဆောင်ခ  =ချေးငွေအပေါ်(၁ရာခိုင်နှုန်း)

(၄)မိသားစုလစဉ်ဝင်ငွေပြည့်မီရပါမည်။

(၅)လစဉ် ပေးဆပ်ငွေသည် မိသားစုလစဉ်ဝင်ငွေ၏(၃ဝရာခိုင်နှုန်း) ဘောင်အတွင်းရှိရမည်ဖြစ်ကြောင်းသိရသည်။

စာရင်းရှင် စာရင်းဖွင့်လှစ်ခြင်း

အိမ်ရာချေးငွေစနစ်ဖြင့် တိုက်ခန်းဝယ်ယူလိုသူများသည် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် စာရင်းရှင် စာရင်း(current Account)ဖွင့်လှစ်ထားရှိရပါမည်။

ချေးငွေ ပြန်လည်ပေးဆပ်နိုင်မှုအခြေအနေ(Repayment Capacity)အား ဘဏ်မှ စိစစ်နိုင်ရန် အောက်ဖော်ပြပါ အထောက်အထားများကို ဘဏ်သို့ပေးပို့ရပါမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေအတွက် တင်ပြရမည့်အထောက်အထားများ

(၁)စာရင်းရှင်စာရင်း(Current Account)၏စာရင်းအမှတ်နှင့် ငွေလက်ကျန်ပမာဏ

(၂)မိသားစုလစဉ်ဝင်ငွေ(Household Income)အတွက် တင်ပြရမည့် အထောက်အထားများ(ပြည်တွင်း)

(၁)အစိုးရဝန်ထမ်း(ဌာနဆိုင်ရာ အကြီးအကဲ၏ထောက်ခံချက်)

(၂)အငြိမ်းစား(ပင်စင်လစာငွေ၊ပင်စင်စာအုပ်မိတ္တူ)

(၃)ကုမ္ပဏီဝန်ထမ်း(ကုမ္ပဏီအကြီးအကဲ၏ထောက်ခံချက်)

(၄)အခြားသူများ(ဝင်ငွေရရှိကြောင်းထောက်ခံစာ(သို့မဟုတ်) လုပ်ငန်းလုပ်ကိုင်ကြောင်းနှင့် နေထိုင်ကြောင်း

ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်)

(၅)အိမ်ထောင်စုစာရင်းမိတ္တူ

(၆)နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ

(၃)ပြည်ပတွင် အလုပ်လုပ်ကိုင်နေသောမြန်မာနိုင်ငံသားများအတွက်

(၁)အလုပ်အကိုင်အတွက် အထောက်အထား(Updated Employment Certificate)

(၂)ဝင်ငွေရရှိကြောင်းအထောက်အထား(Updated Salary Recommendation)

(၃)Passport Copy

(၄)Identificationn Card Copy

အိမ်ရာချေးငွေစနစ်ဖြင့် တိုက်ခန်းဝယ်ယူခွင့် ရရှိပြီးနောက် ငွေချေးသူကလိုက်နာရန်အချက်များ

လက်ငင်းပေးသွင်းငွေ(Down Payment)နှင့် ဘဏ်ဝန်ဆောင်ခ(Service Charges) ပေးသွင်းပြီး ချေးငွေစာချုပ် ချုပ်ဆိုပြီးပါက တိုက်ခန်းတွင် တက်ရောက်နေထိုင်ခွင့်ပြုပါမည်ဖြစ်ကြောင်း

လစဉ်အရစ်ကျပေးဆပ်ငွေကို လဆန်း(၅)ရက်အတွင်းမပျက်မကွက် ပေးသွင်းရန်

လဆန်း(၅)ရက်ကျော်လွန်ပါကသတ်မှတ်ဒဏ်ကြေးနှင့် နောက်ကျကြေးတစ်ရက်လျှင် (ဝ.ဝ၄ရာခိုင်နှုန်း)ပေးဆောင်ရမည်ဖြစ်ကြောင်း

လေးကြိမ်လေးလတစ်ဆက်တည်းပျက်ကွက်ပါက စာချုပ်ပါသတ်မှတ်ချက်များအတိုင်း အရေးယူခြင်းကိုလိုက်နာရမည်ဖြစ်ကြောင်း

မီးနှင့်သဘာဝဘေးအန္တရယ်အာမခံကိုနှစ်စဉ်ထားရှိရန်နှင့်ကျသင့်(Premium)ကြေးကိုပေးဆောင်ရမည်ဖြစ် ကြောင်းသိရသည်။

Source:CHD Bank

Public Housing Read 120 times