မြောက်ဦးဒေသအားကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန်၂၀၁၈ခုနှစ်တွင်စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဒုတိယညွှန်ကြား ရေးမှူးမှပြောဆိုကြောင်းသိရသည်။
ယူနက်စကိုမှသတ်မှတ်ထားသောစံနှုန်းအတိုင်းဝင်ရန်စတင်ပြင်ဆင်သောလုပ်ငန်းအားစတင်မည်ဖြစ်ကြောင်း၊ ရှေ့နှစ်တွင်စတင်ပြင်ဆင်မည်ဖြစ်ကြောင်းသိရသည်။
၂၀၁၈ခုနှစ်တွင်မြောက်ဦးဒေသအားကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့်ယူနက်စကိုမှကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအားကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးအတွက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှဦးစီးပြီးမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဆက်စပ်ဝန်ကြီးဌာနများနှင့်ညှိနှိုင်းဆောင်ရွက်နေ သည့်အခြေအနေ၊ဒေသခံများ၏လိုလားချက်များ၊ယူနက်စကို၏သတ်မှတ်ချက်များနှင့်ဟန်ချက်ညီညီ ဆောင်ရွက်နေသည့်အခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့ပြင်ဒေသတွင်းယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းရင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေမှုကိုယူနက်စကိုမှပူးပေါင်းဆောင်ရွက်စေလိုကြောင်းထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
imyanmarhouse