စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပင်လည်ဘူးမြို့နယ် မူးမြစ်ကူး တံတား


21 December, 2020

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပင်လည်ဘူးမြို့နယ်နှင့် ၁၈ မိုင်ခန့် ဝေးသော ကနီအုပ်စု ဝမ်းဘဲအင်း ကျေးရွာအနီးတွင် ဘိုးပိုင်အုတ်မြစ်ချ သံကူကွန်ကရစ် ကိုယ်ထည်နှင့် အပေါ်ထည် သံကူကွန်ကရစ် ကြမ်းခင်း၊ တန် ၆၀ ခံနိုင်ဝန်ရှိ ပြီး အရှည်ပေ ၁၀၀၀ ရှိသည့် မူးမြစ်ကူးတံတား တည်ဆောက် လျက်ရှိသည်။

ပင်လည်ဘူး၊ကောလင်း၊ ကျွန်းလှ သုံးမြို့နယ်ရှိ သီးနှံများ ထွက်ရာ မြို့နယ်ချင်းဆက် ကူးသန်းနိုင်ရန် တံတားအထူးအဖွဲ့ (၁) အထူးအဖွဲ့ (၄) မှ တာဝန်ခံ၍ မူးမြစ်ကူးတံတား သံကူ ကွန်ကရစ် တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ၁.၃.၂၀၁၉ ရက်က စတင် တည်ဆောက်ရာ ၂၀၂၀ ခုနှစ်နိုဝင်ဘာလတွင် ၇၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း တံတားတာဝန်ခံ တစ်ဦးက ပြောသည်။

ယခု မူးမြစ်ကူး ကူးတို့ခကို ဆိုင်ကယ်ပါ ငွေကျပ် ၁၀၀၀ ပေးရပြီး ခရီးသည် စောင့်ပေးရချိန်ကြာမြင့် ခြင်း၊ မိုးရွာလေတိုက်ချိန်စောင့်ဆိုင်း ရခြင်း၊ ညပိုင်းကူးတို့ကူးရသည်မှာ အန္တရာယ်များသည့်အတွက် တံတား တည်ဆောက်ပြီးစီးပါက ပင်လည်ဘူး၊ ကောလင်း၊ ကျွန်းလှ စသည့် မြို့နယ်ပေါင်းစုံ အားကိုးအားထားပြု ရမည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Local Read 297 times