မူဆယ်မြို့တွင် လေယာဉ်ကွင်း တည်ဆောက်ရန် တရုတ်၊ ထိုင်းနှင့် ပြည်တွင်းကုမ္ပဏီရှစ်ခုခန့် တင်ဒါလျှောက်လွှာတင်ထားသည်ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
လေယာဉ်ကွင်းကို မူဆယ် မြို့အနီး မြေကွက်လပ်နေရာသုံး ခုအနက် သစ်တောကြိုးဝိုင်းအ တွင်း ကျရောက်သည့် မြေကွက် လပ်နေရာတွင် တည်ဆောက်ရန် စီစဉ်ထားသည်။
‘‘ရွေးထားတဲ့ နေရာက သစ် တောကြိုးဝိုင်း ဧရိယာထဲရောက် နေတယ်။ သစ်တောဌာနကို ဒါကို စွန့်လွှတ်ပေးဖို့ တင်ရမယ်။ သစ် တောကြိုးဝိုင်း ဆိုပေမယ့် သစ် တောတော့ မရှိဘူးပေါ့။ အဲဒီ ပြဿနာတွေ ရှင်းပြီးမှ တင်ဒါကို ဖောက်မှာပါ။ လုပ်ဖို့ အစီအစဉ် ရှိတယ်။ ဆုံးဖြတ်ပြီးသားပါ’’
ဟု ဦးစိုးညွန့်လွင်က ပြောသည်။
တင်ဒါတင်ထားသည့် ကုမ္ပဏီများတွင် တရုတ်ဖက်စပ်ကုမ္ပဏီများ၊ ထိုင်းဖက်စပ်နှင့် ပြည်တွင်းကုမ္ပဏီများ ပါဝင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက အဆိုပါလေဆိပ်ကို မဖြစ်မနေ တည်ဆောက်မည်ဟု ဆိုသည်။
မူဆယ်တွင် လေယာဉ်ကွင်း တည်ဆောက်ရန် Ominifocus ကုမ္ပဏီအမည်ဖြင့် ၂၀၁၆ အောက်တိုဘာက ရှမ်းပြည်နယ်အစိုးရထံ တင်ပြမှုရှိသော်လည်း ပြည်နယ် အစိုးရက တည်ဆောက်ရန် အစီ အစဉ်မရှိသေးဟု ငြင်းဆိုခဲ့သည်။
ယခင်အစိုးရလက်ထက်က တည်းကပင် မူဆယ်တွင် လေ ယာဉ်ကွင်းတည်ဆောက်ရန် စီစဉ်ထားပြီး လုပ်ငန်းရှင် ဦးတေဇပိုင် ဆိုင်သည့် ထူးကုမ္ပဏီ၊ ယခင်ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ပိုင်ဆိုင်သည့် ကုမ္ပဏီများက တည်ဆောက်ရန် တင်ပြထားသည်။
မူဆယ်သည် မြန်မာ- တရုတ် ကုန်သွယ်မှုတွင် အဓိက နယ်စပ်ဂိတ်ဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ ကုန်သွယ်မှု ကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ ၂၀၁၇-၁၈ တွင် ၅ ဒသမ ၈ ဘီလီယံရှိခဲ့သည်။ ထိုပမာဏသည် တစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ငါးပုံတစ်ပုံရှိသည်။
ထို့အပြင် ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်ရန် ၄၃၁ ကီလိုမီ တာရှည်လျားသည့် မူဆယ်- မန္တ လေး ရထားလမ်း စီမံကိန်းကို တည်ဆောက်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံက စီစဉ်နေသည်။ ထို ရထားလမ်းအတွက် အောက်တို ဘာ ၂၂ ရက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်နိုင်ငံ Ruli East Railway ဘူတာမှ မူဆယ်၊ လားရှိုး၊ကျောက်မဲ၊ ပြင်ဦးလွင်တို့ကို ဖြတ် သန်းပြီး မန္တလေးမြို့သို့ ရထားလမ်းဖောက်လုပ်မည်ဖြစ်သည်။ ရထားလမ်းဖြစ်မြောက်နိုင်မှု လေ့ လာရေးဆောင်ရွက်ရန် ၂၀၁၇ မေလက China Railway Group Limited (CREC) က အစိုးရထံ စတင်ကမ်းလှမ်းခြင်းဖြစ်သည်။