ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်း မြေသုံးဧကကျော်တွင် ဒေါ်လာသန်း ရဝကျော် တန်ဖိုးရှိ မြခွာညိုအိမ်ရာစီမံကိန်းကိုနိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်
တရုတ်-မြန်မာ ဖက်စပ်တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
Commerical and Residential Buildings ဆောက်၍ပြန်လည်ငှားမည်ရောင်းချသည့်စီမံကိန်းတစ်ခုဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်းသိရသည်။
သာကေတမြို့နယ်အတွင်းတည်ဆောက်မည့် မြခွာညိုအိမ်ရာစီမံကိန်းအား Construction,Selling,Leasing and Management of Commercial and Residential Buildings
လုပ်ငန်းလုပ်ကိုင်ရန် တရုတ်-မြန်မာဖက်စပ် Yangon Golden River Investment Co.,Ltd အား ကော်မရှင်အစည်းအဝေးပွဲမှ အတည်ပြုခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ မြခွာညိုအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြေတိုင်းရပ်ကွက်အမှတ် (၈)၊ မြေကွက်အမှတ် ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈၊ ၆၉၊ ရ၀၊ ရ၁၊ ရ၈ တို့ရှိ မြေဧက ၃ ဒသမ ၈ ဧကပေါ်၌
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွ က် သွားမ ည်ြ ဖ စ်ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်း အိမ်ရာအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ၌ မြန်မာနိုင်ငံသား လုပ် ငန်း ရှင်အများစုက
အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယခုနှစ်တွင်နိုင်ငံသားများမှ အိမ်ရာကဏ္ဍတွင် ဝင်ရောက်မှုများကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ ပြောကြားကြောင်းသိရသည်။
မြန်မာနိုင်ငံ၏အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာ ၁ဒသမ ၆ဘီလျံအထိဝင်ရောက်မြှုပ်နှံထားကြောင်းသိရသည်။
ကုမ္ပဏီဥပဒေသစ်ကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ငွေများစီးဝင်လာခြင်း၊ကွန်ဒိုမီနီယံနှင့် ပတ်သက်သည့် နည်းဥပဒေ ထွက်ရှိလာခြင်းကြောင်း
ကာလအတန်ကြာအေးစက်နေသည့်အိမ်ခြံမြေစျေးကွက်ပြန်လည်လှုပ်ခတ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး မှ
Myanmar Investment Outlook Seminar-2018 အခမ်းအနားတွင်ပြောကြားထားကြောင်းသိရသည်။