ထိုကွန်ဒိုသည်M.M.M construction မှဆောက်လုပ်နေသည့်အဆောက်အအုံဖြစ်ကြောင်းသိရသည်။
ယင်းကွန်ဒိုကိုအမှတ်(၅၅)မြရာကုန်းလမ်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်ရန်ကုန်တိုင်းတွင်ဆောက်လုပ်နေကြောင်းသိရသည်။
၂၀၁၇ခုနှစ်တွင်စတင်ဆောက်လုပ်နေခြင်းဖြစ်ပြီး၂၀၁၉နှစ်ဆန်းပိုင်းပြီးစီးမည်ဟုခန့်မှန်းထားကြောင်းသိရသည်။
ယင်းကွန်ဒိုသည်Pileဖောင်ဒေးရှင်းဖြစ်ပြီးR.Cအမျိုးအစားအဆင့်မြင့်အဆောက်အဦးဖြစ်ကြောင်းသိရသည်။
နှစ်ခန်းတွဲရှစ်ထပ်ပါဝင်ပြီးတစ်ခန်းလျှင်စတုရန်းပေ၁၂၄၁(၁၇’x73’)ကျယ်ဝန်းသည်။ Master Bed Room (1) , Bed Room (1) , Living Area, Kitchen Room, Common Bath & W/C, Dining Area, Shrine Area, Verandah Areaများပါဝင်ဖွဲ့စည်းထားကြောင်းသိရသည်။
Pent Houseပါဝင်ပြီး(၈)ယောက်စီးအဆင့်မြင့်ဓာတ်လှေကား(၁)စီးနှင့်ARD စနစ်ပါကြောင်း၊Basement Car Parking (၁)ထပ်လည်းပါဝင်ကြောင်းသိရသည်။
အဆောက်အဦးတွင်ကိုယ်ပိုင်Transformerတပ်ဆင်ထားပြီးအခန်းတစ်ခန်းလျှင်ကိုယ်ပိုင်မီတာ(၁)လုံး၊မီးပိုက် များအားလုံးကိုမျက်နှာကျက်နှင့်နံရံများတွင်မြှုပ်နှံပြီးထည့်သွင်းပေးထားမည်ဖြစ်ကြောင်းသိရသည်။
ရေပံ့ပိုးမှုအားဖြင့်ကိုယ်ပိုင်မော်တာ(၁)လုံး၊Overhead Tank(၁)လုံးနှင့်Auto ရေတင်စနစ်ပါဝင်ပြီးUnder Ground Tankထည့်သွင်းတည်ဆောက်ပေးထားကြောင်းလည်းသိရသည်။
အတွင်းနံရံများအားအကောင်းစားPlastic Paint သုတ်ပေးထားမည်ဖြစ်ကြောင်း၊အပြင်နံရံများအားရာသီဥတု ဒဏ်ခံWeather Shield Plastic Paint အကောင်းစား တာရှည်ခံဆေးများသုတ်ပေးထားကြောင်းလည်းသိရ သည်။
Living Room,Master Bed Room,Bed Room များအား(12mm)အထူLiminated ကြမ်းခင်းများခင်းပေးမည် ဖြစ်ကြောင်းသိရသည်။
Dining Area,Kitchen Room,Bath & W/C,Commom Bath & W/C,Verandah Area များတွင်ကြွေပြားခင်းပေးမည်ဖြစ်ပြီးရေချိုးခန်း၊အိမ်သာနှင့် ဘိုထိုင်အိမ်သာခန်းများတွင်နံရံ များအားခန်းလုံးပြည့်ကြွေပြားတပ်ပေးထားမည်ဖြစ်ကြောင်းသိရသည်။
LivingRoom,DiningArea,MasterBedRoom,BedRoomအခန်းများအားဂျက်ဆင်ဘုတ်ဖြင့်အလှဒီဇိုင်းမျက်နှာကျက်ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊Kitchen Room များအားPlaster Corniceဖြင့်ပြုလုပ်အလှဆင်ပေးမည်ဖြစ်ကြောင်းသိရသည်။
Mainတံခါးများအားဘာဂျာတံခါးတပ်ဆင်ပေးမည်ဖြစ်ပြီးပြတင်းပေါက်များအားသံပန်းတပ်ဆင်မည်ဖြစ်ကြောင်း မီးသတ်လှေကားတံခါးတွင်လည်းသံပန်းတပ်ဆင်ပေးမည်ဖြစ်ကြောင်းသိရသည်။
မီးပျက်လျှင်ဓာတ်လှေကားမောင်းနှင်နိုင်ရန်နှင့်CommonAreaမီးလင်းရန်အတွက်အရံမီးစက်များလည်းထားရှိ ပေးမည်ဖြစ်ကြောင်းသိရသည်။
ကြိုပွိုင့်ကာလတွင်အရစ်ကျသိန်းနှစ်ထောင်ငါးရာဝန်းကျင်ဟုခန့်မှန်းထားကြောင်းလည်းသိရသည်။ဝယ်ယူသူမျာသည်အရစ်ကျငွေများအားရုံးခန်းတွင်ကိုယ်တိုင်သွားရောက်ပေးချေနိုင်ပြီးမိမိကြိုက်နှစ်သက်ရာဘဏ်ဖြင့်လည်း ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာအဆင့်မီမျက်နှာစာဒီဇိုင်းနှင့်လေဝင်လေထွက်ကောင်းမွန်ပြီးစနစ်တကျအခန်းဖွဲ့စည်းမှု၊ကားပါကင် နှင့်လုံခြုံမှုအပြည့်အဝရှိသောအိမ်ယာဖွဲ့စည်းပုံအစရှိသည့်နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီလှပခန့်ညားစွာ ဆောက်လုပ်နေသောအဆင့်မြင့်အဆောက်အဦးဖြစ်ကြောင်းသိရသည်။