Mya Yi Nandar Housing စီမံကိန်းကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် တွင် တည်ဆောက်လျှက် ရှိကြောင်း သိရသည်။
ယင်းစီမံကိန်းကို မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ် အတွင်းတည်ဆောက်သည့် အိမ်ရာဖြစ်ကြောင်းသိရသည်။
ထိုစီမံကိန်းကို မြေဧရိယာ ၇ ဧကကျော်ပေါ်တွင် တည်ဆောက်လျှက်ရှိပြိး ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စတင်ရောင်းချပေးမည်ဖြစ်သည်။
ယင်းစီမံကိန်းတွင် အထပ်ပေါင်း ၅ ထပ်ပါဝင်သောအဆောက်အဦး ၁၄ လုံးပါဝင်မည်ဟုသိရသည်။
ထိုအဆောက်အဦး၏ တစ်လွှာတွင် ၈ ခန်းပါဝင်မည်ဖြစ်ပြီး အခန်းပေါင်း ၅၆၀ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် ပါဝင်သောအဆောက်အဦး၏ အခန်းအကျယ်အဝန်းမှာ ၅၆၀ စတုရန်းပေကျော် ရှိမည်ဟု သိရသည်။
အခန်း Pricing မှာ မြေညီထပ်လျှင် ၂၂၃ သိန်း၊ ပထမထပ် ၂၀၈ သိန်း၊ ဒုတိယထပ် ၁၉၃ သိန်း၊ တတိယထပ် ၁၇၈ သိန်း၊ စတုတ္ထထပ် ၁၆၃ သိန်းအသီးသီးကျသင့်မည်ဖြစ်ကြောင်းသိရသည်။
ထိုတိုက်ခန်းဝယ်ယူမည့်သူများသည် နိုင်ငံဝန်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး ငါးနှစ်ရှိရန်လိုအပ်ပြီး သက်ဆိုင်ရာဌာနအကြီးအကဲထောက်ခံချက်နှင့် ဝန်ထမ်းကတ်မိတ္တူပူးတွဲတင်ပြ၍လျှောက်ထားရမည်ဟု သိရသည်။
ပင်စင်စားများဖြစ်ပါက ပင်စင်စာအုပ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ပူးတွဲတင်ပြရမည်ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီအကြီးအကဲ၏ ထောက်ခံချက်ဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။
ယင်းအိမ်ယာများဝယ်ယူရန်လျှောက်ထားသူ၏ မိသားစုပျမ်းမျှလစဉ်ဝင်ငွေမှာ အနည်းဆုံးကျပ် လေးသိန်းမှ ငါးသိန်းဝင်ငွေရှိရမည်ဖြစ်ကြောင်းသိရသည်။
ငွေပေးချေမှုမှာ အရစ်ကျစနစ်ဖြင့်ဝယ်ယူမည့်သူများသည်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်သည်။
ဘဏ်ချေးငွေစနစ်ဖြင့်ဝယ်ယူပါကတိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို တစ်နှစ်အတွင်း(သို့) အကြေပေးချေရမည် ဖြစ်ကြောင်းသိရသည်။
တိုက်ခန်းတန်ဖိုး၏ ကျန် ၇၀ ရာခိုင်နှုန်းကို ဘဏ်ချေးငွေဖြင့် ရှစ်နှစ်အတွင်း လစဉ်အရစ်ကျပေးချေပေးချေရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from kyeemon,facebook.