မြန်မာအပါအဝင် မဲ ခေါင်မြစ်ဝှမ်း ခြောက်နိုင်ငံတွင် လာမည့်ငါးနှစ်အတွင်း ကန်ဒေါ် လာ ၆၆ ဘီလီယံတန်ဖိုးရှိ ရင်း နှီးမြှုပ်နှံမည့်စီမံကိန်းကို မြန်မာ နိုင်ငံမှ သဘောတူကြောင်းဒုတိ ယသမ္မတမှ ပြောသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ တွင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများထိပ် သီးအစည်းအဝေး (GMS)ကို မတ်လ ၃၁ ရက်၌ ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် အထက်ပါ စီမံကိန်းကို မြန်မာအပါအဝင် ခြောက်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီခဲ့သည်။
မဲခေါင်ဒေသတွင် လူဦးရေ သန်း ၃၄ဝ ကျော်ရှိပြီး စုစုပေါင်း GDP သည်ကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံရှိသည်။ အဆိုပါ စီ မံကိန်းသည် ၂ဝ၁၇ တွင် မဲခေါင် မြစ်ဝှမ်းနိုင်ငံများထိပ်သီး အစည်း အဝေး၌ သဘောတူညီခဲ့သည့်
‘The Hanoi Plan of Action’ စီမံကိန်းအရဖြစ်ပြီး ၂ဝ၁၈ မှ ၂၀၂၂ အထိဖြစ်သည်။ အဆိုပါ စီမံကိန်းအရ ဒေသတွင်း နိုင်ငံ များအကြား ကူးလူးချိတ်ဆက် ရေး စီးပွားရေးစင်္ကြံကို တိုးချဲ့ ရန်ဖြစ်ပြီး
ဒေသတွင်းနိုင်ငံများ ကြား မြို့ပြနှင့်ကျေးလက်များကို ဆက်သွယ်ရေးလမ်းကြောင်းချိတ် ဆက်ရန်ဖြစ်သည်ဟု ဆိုထား သည်။
အဆိုပါ စီမံကိန်းသည် ၂ဝ၁၈ မှ ၂ဝ၂၂ အထိဖြစ်ပြီး အာ ရှဖွံ့ဖြိုးရေးဘဏ်(ADB)က အ နည်းဆုံးကန်ဒေါ်လာ ခုနစ်ဘီလီ ယံထုတ်ချေးမည်ဖြစ်သည်။
ကျန် အပိုင်းကို အစိုးရများနှင့်ပုဂ္ဂလိက ကဏ္ဍက ပါဝင်ထည့်သွင်းရန် ခြောက်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင် များ သဘောတူညီခဲ့သည်။
အဆိုပါစီမံကိန်းတွင် နည်း ပညာနှင့် အကူအညီဆိုင်ရာစီမံ ကိန်း ၂၂၆ ခုပါဝင်ပြီး ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုမူဘောင် ၂,ဝ၂၂ ချက်ပါစီမံချက်များအတွက် လို အပ်သောဘဏ္ဍာငွေများကို
မြန် မာနိုင်ငံက စုစည်းနိုင်မည်ဟုယုံ ကြည်ထားကြောင်း ဒုတိယသမ္မ တကပြောကြားသည်။
မဲခေါင်မြစ်ဝှမ်း ခြောက်နိုင်ငံ သည် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီး ယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ မဲခေါင် မြစ်ဝှမ်းဒေသစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်ကို
အာရှ ဖွံ့ဖြိုးရေးဘဏ်က ၁၉၉၂ တွင် စတင်ခဲ့သည်။ ယင်းအစီအစဉ် အကောင်အထည်ဖော်ရန် အခြေ ခံအဆောက်အအုံ တည်ဆောက် ရေး ADB က ကန်ဒေါ်လာ ၂၁ ဘီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့ သည်။
ထို့အပြင် မဲခေါင်ဒေသတွင်း နိုင်ငံများကြား GMS ပို့ဆောင်ရေး ကဏ္ဍ မဟာဗျူဟာအသစ် (၂ဝ၁၈-၃ဝ) ကို မြန်မာအစိုးရက ထောက်ခံကြောင်း ဒုတိယသမ္မတ ကပြောသည်။
မြန်မာနိုင်ငံရှိ မြို့များနှင့် အခြားမဲခေါင်ဒေသရှိ မြို့များချိတ်ဆက်ရန် ရေကြောင်း ပို့ဆောင်ရေးအပါအဝင် စီးပွား ရေးစင်္ကြံသုံးခုရှိကြောင်းလည်း သိရသည်။