မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်


23 November, 2020

မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရန်အတွက် အလားအလာရှိသည့် မြေနေရာ များကို နှစ်နိုင်ငံ အတည်ပြုသတ်မှတ်ပြီး

ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်သည့် သဘောတူညီမှု ဆိုင်ရာ လက်မှတ်ရေးထိုးကာ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ

အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် လုပ်မည် ဟု သဘောတူထားသည်။ သဘောတူညီချက်အရ Potential ရှိတဲ့နေရာတွေကို သွားပြီးလေ့လာခြင်း။ ဖြစ်နိုင် သည့်နေရာများ ကို သွားပြီးလေ့လာခြင်း ဖြစ်သည် ဟု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မှ ပြောကြားသည်။

ပထမတစ်ချက်က နှစ်နိုင်ငံ သဘောတူညီချက်နဲ့ နှစ်နိုင်ငံလုပ် မယ့်နေရာကို နှစ်နိုင်ငံလုံးက အတည်ပြု သတ်မှတ်ပေးရမည်။ အဲဒီအပေါ်မှာ အတည်ပြု သတ်မှတ်ပြီးတဲ့အခါ ဒီလိုဆောင်ရွက်မယ့် MoA ပေါ့။

Agreement လက်မှတ် ရေးထိုးရမည်။

နှစ်ဖက်နေရာ သတ်မှတ်ပြီးပြီဆိုရင် ဆောင်ရွက်မယ့် အစီအမံ နဲ့ပတ်သက်ပြီး Agreement လက်မှတ်ရေးထိုးရမည်။ အဲဒီလို ပြီးသည့်အခါကျ မှ သူ့ရဲ့ Process တွေအတိုင်း လုပ်ရမှာ ဖြစ်သည်။

အဲဒါကလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနဲ့အညီ အဆင့် ဆင့် ဆောင်ရွက်သွားရမှာ ဖြစ်သည် ဟု သိရသည်။

ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းအတွင်းရှိ အခြေ ခံအဆောက်အအုံ၊ စက်မှုဇုန် များ၊ မြို့ပြစီမံ ကိန်းများ၊ စိုက်ပျိုးရေးဇုန် များစသည်ဖြင့် ကဏ္ဍများတည်ဆောက်ရာ၌ ပြည်တွင်းပြည်ပ

ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Region Infrastructure and Zones Read 50 times