မြန်မာ-တရုတ် နှစ်နိုင်ငံကြား တရားမဝင်ကုန်သွယ်မှုနှင့် အရည်အသွေးနိမ့် ကုန်ပစ္စည်းများ ဈေးကွက်ဝင်ရောက်မှု တားဆီးရေးအတွက် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင်ကျင်းပပြုလုပ်သောဆွေးနွေးမှုတွင် နှစ်နို်င်ငံကြားကြီးထွားလာသော တရားမဝင်နယ်စပ်ကုန်သွယ်မှုနှင့်အတူအရည်အသွေးနိမ့်ကုန်ပစ္စည်းများ၊ ဈေးကွက်ဖျက် ကုန်ဈေးနှုန်းဖြင့် တင်ပို့နေမှုများကိုပူးပေါင်းကာကွယ်တားဆီးနိုင်ရေး၊ တရားဝင်နယ်စပ်ကုန်သွယ်ရေး မြှင့်တင်နိုင်ရေးနှင့် နယ်စပ်ဖြတ်ကျော်စီးပွားရေးဇုန်များတည်ထောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေးနှင့် တရားမဝင်ကုန်သွယ်မှုလျှော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍတို့နှင့် အတူတရုတ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီးတရုတ်နိုင်ငံအနေဖြင့် ကုန်ပစ္စည်းအရည်အသွေးတိုင်းတာသည့် စက်ကိရိယာများနှင့် နည်းပညာများကိုပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းပြောကြားထားကြောင်းသိရသည်။
ယင်းကဲ့သို့ တရားမဝင်ကုန်သွယ်မှု လျှော့ချရေးမှသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် မြန်မာ့စီးပွားရေးတိုးတက်လာစေရေးအတွက် နယ်စပ်ဖြတ်ကျေ်ာ စီးပွားရေးဇုန်များလက်တွဲတည်ထောင်သွားမည်ဖြစ်ပြီးအဓိကအနေဖြင့် နှစ်ဖက်ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မည့် ကုန်ပစ္စည်းများထုတ်လုပ်ပြီးဖလှယ်နိုင်မည့် စီးပွားရေးနှင့် ကုန်သွယ်မှုဇုန်များတည်ထောင်ခြင်းဖြင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်သွားမည် ဖြစ်ကြောင်းသိရသည်။
Source:Myawaddy newspaper