Myanmar Engineering Council (MEC) new headquarters ယခုအသစ်ဆောက်လုပ်နေသည့် ခရေပင်လမ်းပေါ်က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အဆောက်အဦးအသစ်ပဲဖြစ်ပါတယ်။
အဆောက်အဦးသစ်မှာ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ် မြေ ၁.၃၄ ဧကပေါ်တွင် လက်ရှိဆောက်လုပ်လျှက် ရှိပါသည်။
နောက်ခံသမိုင်းနှင့် ဖြစ်ပေါ်လာပုံ
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဆိုသည်မှာ မြန်မာနိုင်ငံရှိ အဆောက်အဦး အင်ဂျင်နီယာပိုင်းဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန်အတွက် ပြဋ္ဌာန်းဥပဒေ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေ ၂၀၁၃ နှင့်အညီ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ထိုအဖွဲ့အစည်းမှ လက်ရှိတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံး၏အပေါ်ဆုံးထပ်တွင် ရုံးထိုင်လျှက်ရှိပါသည်။
အကြောင်းအမျိုးမျိုးကြောင့် သီးသန့် ရုံးချုပ်တစ်ခုဖွင့်ရန် ပေါ်ပေါက်လာပြီး အသင်းဝင်များနှင့်တိုင်ပင်ကာ အဆောက်အဦးအသစ်တစ်ခုတည်ထောင်ရန်ဖြစ်လာပါသည်။
အထောက်အပံ့များ
ထိုသို့တည်ဆောက်ရာတွင် မတည်ငွေဖြင့် မဆောက်လုပ်ဘဲ ငွေကြေးအလှူအတန်းဖြင့်သော်လည်းကောင်း၊ ပညာအလှူအတန်းဖြင့်သော်လည်းကောင်းသာ ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။
Company | Country of Origin | Role |
Myanmar Engineering Council | Myanmar | Developer |
Mottama Holdings | Myanmar | Contractor |
a+p group | Singapore | Architect |
Taw Win Myanmar | Myanmar | Mechanical and Electrical |
အဆောက်အဦးဆောက်လုပ်ရာတွင် ငွေကျပ် ၇ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး Mottama မှ ကျပ် ၃.၅ ဘီလီယံ လှူဒန်း ဆောက်လုပ်ပေးမည်ဖြစ်ပါသည်။ ထို့အပြင် တစ်ဦးတစ်ယောက်မှလည်း ဖောင်ဒေးရှင်းအတွက် ကျပ် ဝ.၅ ဘီလီယံ လှူဒါန်းခဲ့ပါသည်။
ဗိသုကာပညာကိုမူ စင်္ကာပူမှ A+P Group မှ အလှူပေးထားပြီး Mechanical & Engineering ကို တော်ဝင်မြန်မာဆောက်လုပ်ရေးမှ အလှူပေးမည်ဟု သိရှိရပါသည်။
ထိုရုံးချုပ်အသစ်တွင် ၈ ထပ်အမြင့် စတီးဖရိန် (steel frame) နှင့်၂ ထပ်တိုက်တစ်လုံး တို့ပါဝင်မည်ဖြစ်သည်။ ထို့အပြင် လူ ၅၀၀ ဆန့် ခန်းမတစ်ခုနှင့် ကားပါကင်တို့လည်းပါဝင်မည်ဖြစ်သည်။
အဆောက်အဦးကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် အကြိုဖွင့်လှစ်ခဲ့ပါသည်။
သို့သော်လည်း အဆောက်အဦးအပြည့်အစုံကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု သိရသည်။