နှစ်ပေါင်း ၃ဝ အတွင်း စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းအများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု့နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နှစ်ချုပ်စာရင်းတွင ဖော်ပြထားချက်အရ သိခဲ့ရပါတယ်။
၁၉၈၈ မှ ၂ဝ၁၈ မေလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၁,၄၈၅ ခုအနက် စင်ကာပူ နိုင်ငံကလုပ်ငန်း ၂၈၂ ခုဖြင့် အများဆုံး လာရောက်လုပ်ကိုင်နေခဲ့ပါတယ်။
တရုတ်နိုင်ငံသည် လုပ်ငန်း ၂၄၂ ခုဖြင့် ဒုတိယအများဆုံး၊ ထိုင်းနိုင်ငံက ၁၁၇ ခုဖြင့် တတိယအများဆုံး လုပ်ကိုင်နေခဲ့ပါတယ်။
စင်ကာပူနိုင်ငံမှ အဓိကရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများသည် အိမ်ရာဆောက်လုပ်ရေး ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု၊ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ပြောပြချက်အရ သိခဲ့ရပါတယ်။‘‘ပြီးခဲ့တဲ့ ၂ နှစ်ကို ယှဉ်ရင် တယ်လီကွန်းနဲ့ စွမ်းအင်ကဏ္ဍမှာ နည်းနည်းတော့ လျော့လာတာပေါ့’’ ဟုလည်းပြောခဲ့ပါတယ်။
ထိုရင်းနှီးမြှုပ်နှံမှုပမာဏအားဖြင့် စင်ကာပူနိုင်ငံသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဝင်ရောက်ခဲ့သော်လည်း ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံသာ ဝင်ရောက်ခဲ့ကြပါတယ်။
ယခုနှစ်မေလကုန်အထိ စင်ကာပူသည် မြန်မာနိုင်ငံတွင် စုစုပေါင်းကန်ဒေါ်လာ အများဆုံး ၁၉ ဘီလီယံ ဖိုး ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၅ ရာ ခိုင်နှုန်းရှိခဲ့ပါတယ်။
ပြီးခဲ့သည့် ၂၀၁၇ မေလတွင် ကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလီယံရှိပြီး နိုင်ငံရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးသည် တရုတ်နိုင်ငံဖြစ်ပြီး စုစုပေါင်းကန်ဒေါ်လာဘီလီယံ ၂ဝ ကျော် ရှိပြီး နိုင်ငံရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။