ကမ္ဘာ့အလှဆုံး ဒုတိယနိုင်ငံ ၂ဝ တွင် မြန်မာပါဝင်နေ


17 November, 2020

1.USA

နှစ်စဉ်နှစ်တိုင်း လူပေါင်း ၅ဘီလျံ ကျော် လာရောက်လည်ပတ်ကြသော ကြီးမားမြင့်မားသည့် တောင်ကြီးသည် USA တွင် တည်ရှိသည်။

2.Uzbekistan

အဆောက်အဦးများနှင့် ဒေသခံများဝတ်ဆင်ထားသော ရောင်စုံဝတ်စုံများကလိုက်ဖက်ညီလွန်းလှသည်။

 

3.New Zealand

နဂါးငွေ့တန်းကဲ့သို့ လင်းလက်စွာလှပနေသော Waitomo ဂူသည် New Zealand တွင် တည်ရှိသည်။

4.Turkey

Pamukkale သည် နှင်းများ ဝန်းရံလျက်ရှိပြီး ရေခဲနေသော ရေများ ရှိနေသော ရေတံခွန်တစ်ခုပင်ဖြစ်သည်။ဒါပေမဲ့ ရေပြာများရှိရေများသည် ရေပူစမ်းကဲ့သို့ဖြစ်နေသောကြောင့် ရေချိုးချင်သူများအတွက်ဖွင့်လှစ်ပေးထားသည်။

5.Colombia

အစိမ်းရောင်တောင်ကုန်းများနှင့် ချွန်ထက်သော တောင်ထိပ်၏ဆန့်ကျင်ဘက်တွင် မယုံကြည်နိုင်လောက်အောင် ကမ္ဘာ့အမြင့်ဆုံး ဟု ပြော၍ရသော ထန်းပင်များနှင့် လှပနေသည်။

6.Greece

Santorini သည် ကမ္ဘာ့ပေါ်တွင် အကောင်းဆုံးကျွန်းများထဲမှ တစ်ခုပင်ဖြစ်သည်။သေးငယ်သော ရွာလေးဖြစ်သော Oia တွင်အဖြူသုတ်ထားသော အဆောက်အဦများနှင့် တောက်ပသော အပြာရောင်မိုးများနှင့် အတူ လှပလျက်ရှိသည်။

 

7.Jordan

Petra ၏ရှေးဟောင်းမြို့တော်ကမ်းပါး၏နှစ်ဖက်တွင် တိုက်ရိုက်ထွင်းထုဆောက်လုပ်ထားသော အဆောက်အအုံ တစ်ခုဖြစ်သည်။

 

8.Slovenia

မြစိမ်းရောင်ရေနှင့် ဆီးနှင်းများ ဖုံးအုပ်ထားသကဲ့သို့ Julian Alps တောင်တန်းသည် ငြင်းပယ်မရနိုင်အောင်လှပသော နေရာဖြစ်သည်။

9.Scotland

နတ်ရေကန်နှင့်တူသော ရေကန်နှင့် အစိမ်းရောင်တောက်ပနေသော တောင်ကုန်းတို့နှင့်အတူလှပလျက်ရှိသည်။

10.South Africa

Namaqualand သည် နွေရာသီတွင် မိုးနည်းရေရှားလျက်ရှိသည်။ထိုအချိန်အတောအတွင်းတွင် ရှုခင်းသည် လိမ္မော်ရောင်နှင့် အဖြူရောင် ရောယှက်ထားသော ပန်းခင်းများက ခရီးသွားများအတွက်ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။

11.China

တရုတ်နိုင်ငံရှိ လူသိများသော Great Wall သည် အရှေ့အနောက်သွယ်တန်းလျက်ရှိပြီး မိုင်ပေါင်း ၁၂ဝဝဝကျော်ရှည်လျားသည်။ တရုတ်နိုင်ငံ ၏ အထင်ကရနေရာတစ်ခုအဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။

 

12.Myanmar

ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံး ဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေးလက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊များပြားလှသည့်

ရှေးဟောင်းလက်ရာစေတီပုထိုးများကြောင့်လည်းကောင်း ကမ္ဘာလှည့်ခရီးသည်တို့အား ဆွဲဆောင်ရာနေရာအဖြစ် ကမ္ဘာကျော်သည့် နေရာတစ်နေရာဖြစ်သည်။

ကျွနု်ပ်တို့ တိုင်းနိုင်ငံ၏ သမိုင်း၊ယဉ်ကျေးမှု၊အနုပညာ၊ရှေးဟောင်းသုတေသန အစရှိသည်တို့အတွက် အချက်အလက်အထောက်အထားများစွာ ရနိုင်သော နေရာတစ်ခုဖြစ်သည်။

 

13.California

ကယ်လီဖိုးနီးယား၏Redwood National Park တွင် နှစ်ပေါင်း ၂ဝဝဝခန့်သက်တမ်းရှိသော ပေ၃ဝဝမြင့်သည့် သဘာဝသစ်ပင်ကြီးဖြစ်သည်။

14.Australia

Whitehaven Beach ဟု ခေါ်သော ပင်လယ်တွင် နှစ်စဉ်နှစ်တိုင်း ရေအောက်အားကစားပြိုင်ပွဲနှင့် ရေငုပ်သမားများ လာရောက်လေ့ရှိသည်။

15.New Zealand

အသက်ရှုမှားလောက်အောင်ထိ စိတ်လှုပ်ရှားစေသော ရှုခင်းများဖြင့်လှပနေသည်။

16.Cambodia

ခရီးသွားများအတွက် ဆွဲဆောင်မှုထိပ်တန်းစာရင်းတွင် Angkor Wat သည်လည်း ပါဝင်လျက်ရှိသည်။

 

17.Canada

ဝေးလံခေါင်သီသော Torngat တောင်တန်းအမျိုးသားဥယျာဉ်ဝင်ရိုးစွန်းတွင် ပိုလာဝက်ဝံများ၊သမင်များနှင့် ရေခဲမြစ်များရှိနေသည်။

18.Yemen

ပန်းကန်ပြားပျံကဲ့သို့နဂါးရဲ့သွေးသစ်ပင်များကျွန်းသည် နာမည်ကြီးသော ကျွန်းတစ်ကျွန်းဖြစ်သည်။

19.Indonesia

အင်ဒိုနီးရှားရှိ အရှေ့ဂျာဗား၏ bromo Tengger Semeru အမျိုးသားဥယျာဉ်ထဲရှိ Bromo Valcano ဟူ၍ လူသိအများဆုံးမီးတောင် ဖြစ်သည်

20.Chile

Chile ရှိ Torres Del Paine သည် ကောင်းကင်ယံများကြားမြင့်မားသော တောင်များ၊အပြာရောင်ရေခဲစိုင်ကြီးနှင့် ဒဏ္ဏာရီဆန်ဆန် ရေကန်ကြီးလည်းရှိသည်။

Local Tips Read 154 times